ဗောဓိညောင်ဆယ်ပင် အဓိဌာန်ဝင်ခဲ့လို့ အမေရိကားမှာ အမြဲတမ်းနေထိုင်ခွင့် ကဒ်ရရှိသွားတဲ့ ဆုပန်ထွာ

Last modified date

သရုပ်ဆောင်ဆုပန်ထွာတစ်ယောက်ကတော့ အမေရိကားမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရရှိသွားပြီပဲ ဖြစ်ပါတယ်။ အခုလိုရရှိခဲ့တာဟာ သူမအမြဲလုပ်လေ့ရှိတဲ့ ဗောဓိညောင်ဆယ်ပင် အဓိဌာန်ဝင်ခဲ့လို့ ဆိုပြီး သူမက ဆိုပါတယ်။ Image may contain: 2 people, people smiling, people standing Image may contain: 1 person, smiling, standing သူမက အခုလို Green Card ရရှိဖို့ အခက်အခဲများစွာ ကြုံခဲ့ရပြီး မူလက ၅ရက်ပဲ နေဖို့ရှိတာကနေ ၂လနီးပါးကြာသွားခဲ့ရတာလို့ သိရပါတယ်။ ဒါနဲ့ပဲ သူမက ဆန်ဖရန်စစ္စကိုမှာရှိနေတုန်းအချိန်မှာတောင် ဗောဓိညောင်ဆယ်ပင်အဓိဌာန်ကို မရရအောင် ဝင်ခဲ့ပြီး အဓိဌာန်ပြုပြီးမကြာခင်မှာပဲ Green Card ကို ရရှိလာခဲ့တယ်လို့ ဆုပန်ထွာက ဆိုပါတယ်။ Image may contain: 1 person, standing Image may contain: 2 people, people sitting and child အမေရိကားမှာတုန်းက ဗောဓိညောင်ဆိုတာ မရှိခဲ့လို့ ထင်းရူးပင်ကြီးတွေမှာပဲ မရရအောင်လုပ်ခဲ့တယ်လို့ ဆုပန်ထွာက ရှင်းပြပါတယ်။ဆုပန်ထွာဟာ အမေရိကားမှာ Green Card လျှောက်ဖို့ သွားရင်း အချက်အလက်ပြည့်ပြည့်စုံစုံ မပါရှိသွားတာကြောင့် ရက်ပေါင်းများစွာကြာနေခဲ့ရပြီး သားလေးနဲ့ခွဲနေရလို့ အဆင်မပြေဖြစ်ခဲ့ရတာပါ။ Image may contain: 3 people, people standing Image may contain: 2 people ဆုပန်ထွာအနေနဲ့ သစ်တံခါးဆရာတော်ကြီး လမ်းညွှန်တဲ့ ဗောဓိညောင်ဆယ်ပင် အဓိဌာန်ကို မြန်မာပြည်မှာကတည်းက အမြဲလိုလုပ်ခဲ့တာဖြစ်ပြီး အမေရိကားမှာ အခုလိုဒုက္ခရောက်ချိန်မှာ အဲဒီ အဓိဌာန်ကို မရရအောင် ဝင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အခုဆိုရင် ညောင်ပင် အပင် ၃၀ နီးပါး အဓိဌာန်ဝင်ပြီးခဲ့ပြီလို့လည်း သိရပါတယ်။ Image may contain: 1 person, smiling, standing, shoes, sky, child, stripes, basketball court and outdoor Image may contain: 2 people, people standing, wedding and outdoor Image may contain: one or more people, tree and outdoor Image may contain: 1 person, sitting, table, outdoor and food အဆိုပါ ဗောဓိညောင်ဆယ်ပင် အဓိဌာန်ကို သရုပ်ဆောင် ဆုပန်ထွာအပြင် ချောရတနာ ၊ စမိုင်းလ် ၊ မေကဗျာ၊ အိမ့်ချစ် ၊ သွန်းဆက် အစရှိတဲ့ အနုပညာရှင်တော်တော်များများလည်း လုပ်ကြတာကို တွေ့ရပါတယ်။ Image may contain: 1 person, tree, sky and outdoor Image may contain: 1 person, plant and outdoor Image may contain: 2 people, people sitting, child and outdoor Writer-YLLT(Cele Star)