၂၁ နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် ပရိသတ်တွေရဲ့ ငွေစုဗူး ၂၁ ဗူး လက်ဆောင်ရခဲ့တဲ့ ချမ်းမြေ့မောင်ချို

စက်တင်ဘာလ ၂၀ ရက်နေ့က အဆိုတော် ချမ်းမြေ့မောင်ချိုရဲ့ ၂၁ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ အရင်နှစ်မွေးနေ့တွေမှာတော့ ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းခဲ့ပေမယ့် ယခုနှစ်မှာ ကိုဗစ်ရောဂါတွေကြောင့် အွန်လိုင်းကနေပဲ ပရိသတ်တွေနဲ့ Live လွှင့်ရင်းဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

Image may contain: 7 people, indoor

အဆိုတော် ချမ်းမြေ့မောင်ချိုဟာ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ 1st Runner Up ကို ရရှိခဲ့တာဖြစ်ပြီး တစ်ကိုယ်တော်အခွေဖြစ်တဲ့ Eleven သီချင်းခွေလည်း ထွက်ရှိထားပြီးတာဖြစ်ပါတယ်။

Image may contain: 2 people

ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကိုအတိုင်းအတာတခုထိ ရရှိပြီးဖြစ်တဲ့ ချမ်းမြေ့မောင်ချိုဟာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ ၂၁ နှစ်ပြည့်မွေးနေ့လေးမှာ ပရိသတ်တွေဆီကဘယ်လိုလက်ဆောင်လေးတွေရခဲ့လဲ ဆိုတာ ဖော်ပြပေးချင်ပါတယ်။

Image may contain: 1 person

“၂၁ နှစ်ပြည့်မွေးနေ့အတွက် ၂၁ မြို့နယ်မှ milestones တို့က မွေးနေ့လက်ဆောင်အဖြစ် မုန့်ဖိုးတွေစုပီးပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အရမ်းပျော်ရွှင်ရပါတယ် နောက်နှစ်မွေးနေ့မှာ အကုန်လုံးနဲ့တူတူဖြတ်သန်းချင်ပါတယ် ဒီနှစ်တော့ live ကနေပဲ အားလုံးအတူတူဖြတ်သန်းလိုက်ရတယ် ဘာပဲပြောပြော ပျော်စရာကြီးပါနော် ❤️ အားလုံးကို အရမ်းချစ်ပါတယ် ❤️”

Image may contain: 1 person, phone

ချမ်းမြေ့မောင်ချိုဟာ ၂၁ မြို့နယ်မှာနေထိုင်တဲ့ သူ့ရဲ့ ပရိသတ်တွေဆီကနေ ငွေစုဗူး ၂၁ ဗူးလက်ဆောင်ရရှိခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကိုတော့ နှစ်တိုင်း ပရိသတ်တွေက Surprise လုပ်ပြီး ကျင်းပပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ၂၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချို ဂီတလောကမှာ ဒီထက်ပိုပြီးအောင်မြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Image may contain: 1 person, sitting, text that says 'P T Sweet21'

Cele Star – YS

Don`t copy text!