Monthly Archive: September, 2020

မမျှော်လင့်ဘဲ ကိုဗစ် Positive ဖြစ်သွားပြီး ရိုးမအိမ်ယာမှာ ရောက်နေတဲ့ မိခင်အတွက် စိတ်အပူလွန်နေရတဲ့ ခင်ဘုဏ်း

အဆိုတော် ခင်ဘုဏ်းကတော့ လက်ရှိအချိန်မှာ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေထိုင်နေတာပဲဖြစ်ပါတယ်။ မြန်မာပြည်မှာ ရှိနေတဲ့ အသက် (၇၂) နှစ်အရွယ် မိခင်ဟာ မမျှော်လင့်ဘဲ ကိုဗစ် Positive ဖြစ်ခဲ့တာကြောင့် ရိုးမအိမ်ယာမှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ ဆီးချိုရောဂါအခံရှိသူဖြစ်တာကြောင့် စိတ်အပူလွန်နေရတဲ့ သူမရဲ့ ခံစားချက်တွေကို ယခုလိုပဲရေးသားဖော်ပြလာခဲ့တာပါ။ “ခင်ဘုဏ်း အမေ ၇၂နှစ် က မမျှော်လင့်ပဲ Covid positive ဖြစ်လို့ ရိုးမအိမ်ယာ မှာ ရောက်နေပါတယ် 😢😢 လူနာထားဖို့ မသင့်တော်တဲ့နေရာမှာ လူနာတွေ စု ထားပြီး ဂရုစိုက်စောင့်ရှောက် မှုလည်းမရှိပါဘူး။ အမေက အသက်ရှုမဝတတ်သူမို့ ပြတင်းပေါက်ဘေးနားမှာ တံခါးဖွင့်ပြီးအိပ်နေရတယ်။ တစ်ကယ်ဆို အခြေအနေ မဆိုးတဲ့ Positive ဖြစ်တဲ့သူတွေ Hotel Quarantine ပဲ ဖြစ်ဖြစ် Home Quarantine ပဲဖြစ်ဖြစ် Positive တွေအတွက်...

သားလေး ကိုယ်ဝန်စရှိတဲ့နေ့ကစလို့ ဒီနေ့အထိ သိမ်းဆည်းထားတဲ့ ပုံလေးတွေကို ချပြပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဆုပန်ထွာ

Roar Roar Kyaw ရဲ့ မေမေ ဆုပန်ထွာကတော့ ဒီကနေ့မှာကျရောက်တဲ့ သားသားလေးရဲ့ ၄ နှစ်ပြည့်မွေးနေ့လေးအတွက် ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ ဖေဖေ ဥက္ကာကျော် နဲ့ မေမေဆုပန်ထွာတို့ရဲ့ တစ်ဦးတည်းသော သားလေးဖြစ်ပြီးတော့ ဒီနေ့ဆိုရင်တော့ ၄ နှစ်တင်းတင်းပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ မေမေ ဆုပန်ထွာက ဒီနေ့လေးမှာကျရောက်တဲ့ သားဖြစ်သူ မွေးနေ့လေးကို ကိုယ်ဝန်စလွယ်ထားရစဉ်ကပုံလေးတွေနဲ့ အမှတ်တရပုံလေးတွေကို ချပြလာခဲ့တာပါ။ “Happy birthday မာမားသားလေး Roar Roar Roar Kyaw! သားလေးကိုယ်ဝန်စရှိတာသိတဲ့နေ့ကစလို့ ဒီနေ့ ၄နှစ်ပြည့်တဲ့နေ့ထိ စုလို့ရသမျှပုံလေးတွေ ဒီနေ့ Save ထားပါစေ။ စာလေးကတော့ ၃နှစ်ပြည့်မနှစ်ကတင်ထားတဲ့စာလေးအတိုင်းပြန်တင်ပါရစေ။ ပိုလာတာဆိုလို့ ၄နှစ်မပြည့်ခင်အတွင်း သားအမိနှစ်ယောက် ရန်ခဏခဏဖြစ်ရတာ ပိုလာပါတယ်။ ၄နှစ်ပြည့်ပြီမို့ သူ့အိုင်တင်တွေ ပြောတဲ့စကားတွေကပိုချစ်စရာကောင်း၊ရီစရာကောင်းလာသလို …ပြောမရဆိုမရကန့်လန့်တိုက်တတ်လာတဲ့အခါ နားလည်အောင်အာပေါက်အောင်ပြောပြရသလို ဆူရ၊မမ်ရ၊ ဒုတ်နဲ့‌ခြောက်ရ တဲ့အလုပ်တွေပိုလာပါပြီ။နဲနဲကြီးလာတော့သက်သာမယ်ထင်တာ ပိုမောလာတာတော့ သေချာပါတယ်။...

မွေးနေ့မှာ ဘာသာပေါင်းစုံကို တတ်နိုင်သလောက် လှူဒါန်းခဲ့တဲ့ ယုန်လေး

အဆိုတော်၊ သရုပ်ဆောင်နှင့် ဒါရိုက်တာ ယုန်လေးက ဒီကနေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ကို ဘာသာပေါင်းစုံအတွက် တတ်နိုင်သလောက် လှူဒါန်းခဲ့ပါတယ်။ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်တွေ အသိအမှတ်ပြုလက်ခံရာမှတဆင့် အနုပညာလောကထဲကိုဝင်ရောက်လာသူ ယုန်လေးဟာ သရုပ်ဆောင်နှင့် ဒါရိုက်တာတစ်ဦးအဖြစ်ပါ ကူးပြောင်းလာခဲ့သူဖြစ်ပါတယ်။ တမူထူးခြားတဲ့ ဂိုဏ်းစတား ရုပ်ရှင်ဇာတ်ကားတွေနဲ့ အတူ နာမည်ကျော်ရုပ်ရှင်မင်းသားတွေနဲ့ တွဲဖက်ရိုက်ကူးခဲ့ပါတယ်။ ယုန်လေးဟာ အနုပညာအလုပ်တွေမှာ ကြိုးစားနေသူဖြစ်တဲ့အပြင် လူမှုဘဝပတ်ဝန်းကျင်မှာလည်း ချို့တဲ့လိုအပ်နေသူတွေကို ကူညီပေးနေသူတစ်ယောက်လို့ ပရိသတ်တွေက လက်ခံထားကြပါတယ်။ ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့လေးကိုတော့ ယုန်လေးက သူစီစဉ်ထားတဲ့အတိုင်း ဘာသာပေါင်းစုံအတွက် တတ်နိုင်သလောက် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီလိုလှူဒါန်းခဲ့ပုံလေးကိုလည်း သူ့ရဲ့ ဖေ့ဘုတ်အကောင့်ကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ “အစဉ်လာ မပြတ် မွေးနေ့ကို ဘုန်းကြီးကျောင်း Church ဟိန္ဒူ ဘုရားကျောင်း ဗလီ တို့ကို တက်နိုင်သလောက်လှူ အပြီး စာကလေးလွတ် . ငါးစာ . ခိုစာကြွေး ကြည်နူး...

မွေးနေ့လက်ဆောင် စိန်တစ်ဆင်စာနဲ့အတူ ငွေသားတွေနဲ့ ချစ်သူကို တင်တောင်းခဲ့တဲ့ နိုင်းဝမ်း

အဆိုတော်နိုင်းဝမ်းက သူ့ရဲ့ချစ်ရသူလေးကို မနေ့ကပဲ သွားရောက်တင်တောင်းခဲ့တာပါ။ လက်ထပ်ဖို့ကိုတော့ ကိုဗစ်ပြီးတဲ့အခါကျမှ စီစဉ်ထားကြောင်း သူကပြောပါတယ်။ မြတ်မြတ်နိုးနိုးချစ်ရသူကိုတော့ မိသားဖသားပီပီ သွားရောက်တင်တောင်းခဲ့တဲ့ နိုင်းဝမ်းက ဒီဇင်ဘာလအတွင်းမှာတော့ လက်မှတ်ရေးထိုးသွားမယ်လို့ ဆိုပါတယ်။ မိဘတွေဆီက ခွင့်ပြုချက်ရရှိခဲ့ပြီးတဲ့အပြင် ယခုလိုသွားရောက်တင်တောင်းတာတွေကိုလည်း သူကိုယ်ပိုင်ရှာထားတဲ့ ငွေကြေးတွေနဲ့သာ တင်တောင်းခဲ့ကြောင်း ယခုလိုပဲပြောထားတာဖြစ်ပါတယ်။ “ဒီနေ့က ကျွန်တော့ဘဝအတွက် အပျော်ဆုံးနေ့တွေထဲက နေ့တစ်နေ့ဖြစ်ပါတယ်..လက်ထပ်ဖို့အထိရည်ရွယ်ပြီးအရမ်းချစ်ခဲ့ရတဲ့မိန်းကလေးကိုပိုင်ဆိုင်နိုင်ဖို့ မိဘရဲ့အထောက်အပံ့မယူပဲ ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေစုဆောင်းထားတဲ့ငွေလေးတွေနဲ့တင်တောင်းနိုင်ခဲ့လို့ပါ💪🏻💪🏻💪🏻ကျွန်တော်တို့စုံတွဲရဲ့နှစ်ပတ်လည်နေ့နဲ့ ချစ်သူရဲ့မွေးနေ့လေးဖြစ်တဲ့ဒီရက်လေးမှာ မှတ်မှတ်ရရဖြစ်သွားအောင် မြန်မာ့ထုံးတမ်းအစဉ်အလာအတိုင်း မိသားဖသားပီပီတောင်းရမ်းခဲ့ပြီးပြီဖြစ်လို့ ဒီနှစ်ဝါကျွတ်ရင် လက်ထပ်နိုင်ဖို့ ချစ်သူရဲ့မိဘတွေထံမှ ခွင့်ပြုချက်လဲရခဲ့ပါပြီဗျ😇😇😇ဒီဇင်ဘာလ ၉ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးကြမှာဖြစ်ပြီး၊ မင်္ဂလာဧည့်ခံပွဲကိုတော့ ကိုဗစ်ကာလပြီးတာနဲ့ကျင်းပကြမှာဖြစ်ပါတယ်😍😍😍(ဒီထက်အကြီးကြီးတွေရည်ရွယ်ထားခဲ့ပေမဲ့ ကိုဗစ်ပေးတဲ့ဒုက္ခကြောင့် နဲနဲသေးသွားတဲ့ မွေးနေ့လက်ဆောင်စိန်တစ်ဆင်စာလေးအတွက်တော့ နားလည်ပေးပါသဲသဲလေးရေ😂😂😂)Happy Anniversary & Happy Birthday baby.. i love u so mwahhhh😘😘😘😘” နိုင်းဝမ်းက ချစ်သူကို ငွေသားတွေနဲ့ တင်တောင်းခဲ့တဲ့အပြင် ချစ်သူရဲ့မွေးနေ့အတွက်ပါ...

မွေးနေ့မှာ ကားသစ်ကြီးတစ်စီး လက်ဆောင်ရလိုက်တဲ့ နေတိုး

ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့ကတော့ သရုပ်ဆောင် နေတိုးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်မင်းသားနေရာကို ရရှိထားသူပါ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ဆိုရလောက်အောင် မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံနေရဆဲဖြစ်ပြီး ယနေ့အချိန်ထိလည်း လူပျိုကြီးဘဝနဲ့ ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေဆဲပဲဖြစ်ပါတယ်။ သရုပ်ဆောင် နေတိုးက ဒီကနေ့မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့လေးမှာ ကားသစ်ကြီးတစ်စီးကို လက်ဆောင်ရရှိခဲ့တာဖြစ်ပါတယ်။ Surprise အဖြစ်လက်ဆောင်ပေးခဲ့တဲ့ ကုမ္ပဏီကတော့ သူကိုယ်တိုင် Brand Ambassador ဖြစ်နေတဲ့ ကားကုမ္ပဏီကပဲဖြစ်ပါတယ်။ ဒီကနေ့လေးမှာ ကျရောက်တဲ့ သူ့မွေးနေ့အတွက် ကုမ္ပဏီက ကားသစ်တစီးကို လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ နေတိုးရဲ့ ပရိသတ်တွေကလည်း ကားသစ်တစ်စီးလက်ဆောင်ရခဲ့တဲ့အတွက် ထပ်တူကိုယ်စားပျော်ရွှင်ပေးနေကြတာပဲဖြစ်ပါတယ်။ Cele Star-YS Photos-Wai Min Maung

ပရိသတ်မကြိုက်တဲ့ လောကထဲကို ဘယ်တော့မှပြန်မသွားတော့ဘူးဆိုတဲ့ ရဲတိုက်

ရဲတိုက် ပါဝင်တဲ့ ဗီဒီယိုဇာတ်ကားတွေကို ကြည့်ဖူးသူတိုင်း သူ့ရဲ့ ပိရိသေသပ်တဲ့ သရုပ်ဆောင်ချက်တွေမှာ မျှော်လွင့်သွားကြမယ်ဆိုတာ သေချာပါတယ်။ ဇာတ်ကွက်တစ်ခုတစ်ခုတိုင်းမှာ ပရိသတ်ရင်ထဲကိုရောက်အောင် သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့်လည်း တခဏအတွင်း ပရိသတ်တွေ အခိုင်အမာနဲ့ မင်းသားနေရာကို ရရှိလာခဲ့တာပါ။ ကျန်နေခဲ့တဲ့ ဗီဒီယိုဇာတ်ကားခေတ်တွေမှာတော့ မင်းသား ရဲတိုက်ဟာ ဗီဒီယိုလောကရဲ့ ဘုရင်တစ်ဆူအဖြစ်လည်း နေရာယူထားနိုင်ခဲ့ပါတယ်။ စကားပြောတတ်တဲ့ မျက်ဝန်းတစ်စုံကလည်း သရုပ်ဆောင် ရဲတိုက်ရဲ့ ထူးခြားချက်တစ်ခုပါ။ အနုပညာလောကထဲမှာ ကျင်လည်ရင်း လမ်းကြောင်းအမှားတစ်ခုပေါ်ရောက်ရှိခဲ့ပေမယ့် ပရိသတ်တွေရှေ့ နောက်တစ်ဖန်ပြန်လည်ရောက်ရှိနိုင်ဖို့ ကြိုးစားခဲ့သူပါ။ ရဲတိုက်ဟာ မှားယွင်းခဲ့တဲ့ အတိတ်တစ်ခုအတွက် ပေးဆပ်ပြီးနောက် ဒဏ္ဏာရီမိုးဆိုတဲ့ ပရိသတ်တွေရင်ထဲ ထိစေနိုင်မယ့် ရုပ်ရှင်ကားတစ်ကားကို ရွှေထူး၊ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ တွဲဖက်ရိုက်ကူးခဲ့ပြန်ပါတယ်။ နှစ်တွေဘယ်လောက်ပင်ကြာသွားခဲ့ပေမယ့် ရဲတိုက်ဟာ သူ့ရဲ့ အနုပညာအရည်အသွေးတွေ မပြောင်းမလဲရှိနေကြောင်းကို ထိုဇာတ်ကားနဲ့ပဲ ပြသနိုင်ခဲ့ပါတယ်။ သရုပ်ဆောင်ရဲတိုက်က ယနေ့မှာတော့ ပရိသတ်တွေ မကြိုက်တဲ့ လောကကြီးထဲကို ဘယ်တော့မှပြန်မသွားတော့မယ့်အကြောင်း ယခုလိုပဲ...

ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်း ဓမ္မမိတ်ဆွေအဖြစ်ရှိနေတယ်ဆိုတဲ့ ချမ်းမီမီကို

သရုပ်ဆောင် ချမ်းမီမီကို ဆိုရင် ပရိသတ်တွေက မှတ်မိကြမယ်လို့ထင်ပါတယ်နော်။ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေမှာ သူမရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေကြည့်ရှုဖူးခဲ့ကြမှာပါ။ ချမ်းမီမီကိုဟာ ခင်ပွန်းဖြစ်သူ ဦးစိုးထွန်းရှိန်နဲ့ ချစ်သူသက်တမ်း ၃ နှစ်ကျော်အကြာမှာ ထိမ်းမြားလက်ထပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ မင်္ဂလာပွဲကိုကျင်းပခဲ့ကြပြီးတော့ သူမတို့ ဇနီးမောင်နှံကို အမှတ်ရစေခဲ့တာက လကမ္ဘာကို ပျားရည်ဆမ်းခရီးထွက်မယ်ဆိုတဲ့ စနောက်ပြီးပြောဆိုတဲ့စကားနဲ့ အမှတ်ရခဲ့ကြပါသေးတယ်။ ယခုအချိန်မှာတော့ ချမ်းမီမီကိုဟာ အသက် (၅) နှစ်အရွယ်သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီးတော့ အနုပညာလောကထဲကို တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်တော့မှာဖြစ်တဲ့အတွက် သူမကိုအားပေးတဲ့ အမာခံပရိသတ်တွေကလည်း ပျော်ရွှင်နေကြတာပါ။ သူမရဲ့ အိမ်ထောင်ရေးကတော့ လက်ရှိမှာ ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်း၊ ဓမ္မမိတ်ဆွေတွေအဖြစ်သာ ရှိနေတဲ့အကြောင်းကို သူမရဲ့ ဖေ့ဘုတ်အကောင့်ကနေ အသိပေးပြောပြလာခဲ့တာပါ။ “ရန်ကိုရန်ခြင်းမတုန့်နှင်းနဲ့တဲ့ သည်းခံခြင်းဟာ အောင်မြင်ခြင်းမည်၏ တဲ့ အမျိုးသားဟာ သူဘာသူအဆင်ပြေပါတယ်ယခုထိလှူနေတန်းနေဆဲပါပဲ သူနဲ့ကိုယ်နဲ့က သူငယ်ချင်းဓမ္မမိတ်ဆွေတွေပါ 🙏🙏🙏ညီမငယ်လေးတွေအလုပ်ရအောင်...

ကွယ်လွန်သွားတဲ့ ချစ်သူကို အိပ်မက်ထဲမှာ ဆက်တိုက် တွေ့ခွင့်ရနေတယ်ဆိုတဲ့ နီလန်း

မြန်မာအိုင်ဒေါ ရဲ့ ပြိုင်ပွဲဝင် နီလန်းလေးကို အားပေးကြတဲ့ ပရိသတ်ကြီးရေ။ နီလန်းလေးက အခုဆိုရင် ပရိသတ်တွေရဲ့ အချစ်၊ အားပေးမှုတွေနဲ့အတူ အနုပညာလမ်းပေါ်ကို လျှောက်လှမ်းနေနိုင်ပါပြီ။ ပြိုင်ပွဲဝင်စဉ်ကာလအတွင်းမှာလည်း သူမဘဝရဲ့ အခက်အခဲဆုံးအချိန်တွေကို အားတင်းကျော်ဖြတ်ခဲ့တာ ပရိသတ်ကြီးအသိဆုံးပါပဲနော်။ နီလန်းဟာ သူမဘဝမှာအမြတ်နိုးရဆုံး ချစ်သူတစ်ဦးကို ဆုံးရှုံးခဲ့ရတာပါ။ ယနေ့တိုင်ထိ သတိရလွမ်းဆွတ်နေခဲ့တဲ့ နီလန်းက သူမချစ်သူလေးကို အိပ်မက်ထဲမှာ ဆက်တိုက်တွေ့နေရတယ်လို့ ဆိုပါတယ်။ “ခုတလော အိပ်မက်ထဲမှာ ဆက်တိုက်လိုလိုတွေ့နေရတယ်… အရမ်းပျော်တာပေါ့… အိပ်မက်ထဲမှာတော့ သူအသက်ရှင်နေတာလေ… 🥺 အိပ်မက်ကို တကယ်ဖြစ်လာဖို့ ဖမ်းဆုတ်ထားချင်ပေမယ့်… ရမှမရတာ… ပြန်မနိုးချင်လည်း မရပြန်ဘူး… Nilen လွမ်းသလို သူလည်း လွမ်းမယ်ထင်ပါရဲ့… သူမရှိတော့တဲ့နောက်ပိုင်း မျက်ရည်နဲ့ နိုးထရတဲ့မနက်တွေလည်း မနည်းတော့ဘူး… ဒါပေမယ့်… အိပ်မက်ထဲကနေ တွေ့ခွင့်ရလို့ ပျော်ပါတယ်… အရမ်းလွမ်းတယ်ဆိုတဲ့စကားကို အခါတစ်သန်းပြောချင်တယ်…” နီလန်းရေးသားထားတဲ့ စာလေးကိုဖတ်ပြီး သူမရဲ့ ခံစားချက်ကို...

Quarantine ဝင်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ကလေးမွေးပေးနိုင်ခဲ့တဲ့ ဝေဠုကျော်

အမှတ်တရတွေ ပြောပြလာပါတယ်။ ဝေဠုကျော်ကတော့ တောင်ဒဂုံမှာ Quarantine ဝင်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ကလေးမွေးပေးနိုင်ခဲ့တဲ့ အကြောင်းပြောပြလာပါတယ်။ ဝေဠုကျော်ကတော့ Covid ကာလမှာ ဝေဠုကျော်ဖောင်ဒေးရှင်း အဖွဲ့သားတွေနဲ့ အတူ Quarantine နေတဲ့သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ Quarantine ဝင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အကူအညီပေးခဲ့ရတဲ့ အမှတ်တရတွေကို  အခုလို ပြောပြလာပါတယ်။ “တောင်ဒဂုံ Q Center က အမျိုးသမီးတစ်ယောက် ကလေးမွေးဖို့အတွက် ရေမြွှာပေါက်ပြီဆိုပြီးတော့ အဲဒီမှာ တာဝန်ကျတဲ့ ကိုအောင်ကျော်ဆန်းက ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ အဲဒီကို ကားလွှတ်ပေးခါနီးမှာ သူ့ကို ထပ်မေးတယ် ကလေးမွေးပြီလား၊ ကလေး မွေးတတ်တဲ့လူ ရှိလားမေးတယ်။ အဲဒီမှာ ကျွန်တော် ကြက်ခြေနီသင်တန်းတက်ထားတုန်းက အရေးပေါ် ကလေးမွေးနည်းပညာရပ်ကိုလည်း သင်ထားရတဲ့ အတွက် ကျွန်တော်ကိုယ်တိုင် PPE ဝတ်စုံဝတ်ပြီးလိုက်သွားခဲ့တယ်”...

Don`t copy text!