Monthly Archive: February, 2020

ရွာက လူတွေအတွက် မနောမယဆရာတော်ကိုပင့်ဖိတ်ပြီး တရားအလှူပွဲကြီးကို ကျင်းပပေးခဲ့တဲ့ ဖြူဖြူထွေး

ဆယ်လီမလေး ဖြူဖြူထွေးကတော့ အလှူအတန်းတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတာတွေ့ရပါတယ်။ ဖြူဖြူထွေးက ဒီလထဲမှာ ပြည့်သွားပြီဖြစ်တဲ့ သူမရဲ့ (၂၁) နှစ်ပြည့်မွေးနေ့ပွဲကို ရွာမှာ ခြိမ့်ခြိမ့်သဲကျင်းပနေတာဖြစ်ပါတယ်။ နိုင်ငံကျော် ဖက်ရှင်ဒီဇိုင်းနာ မျိုးမင်းစိုးကလည်း ဖြူဖြူထွေးရဲ့ ရွာအထိ အရောက်သွားပြီး မွေးနေ့ပွဲကို တက်ရောက်ခဲ့တာပါ။ ဖြူဖြူထွေးက ရွာက ရွာသူ/သားတွေအတွက် မွေးနေ့အလှူကြီးအပြင် တရားဓမ္မအလှူပွဲကြီးကိုပါ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ ဆရာတော် မနောမယကို ရွာအထိ ပင့်ဖိတ်ပြီးတော့ရွာသူရွာသားတွေအတွက် တရားထူးတရားမြတ်ရအောင် တရားအလှူပေးခဲ့တာပါ။ နေ့ခင်းပိုင်းမှာလည်း ပကာသနတွေခွာချပြီး အလှူလှည့်ခဲ့သေးတယ်လို့ ဖြူဖြူထွေးက သူမရဲ့ လူမှုကွန်ယက်အကောင့်မှာရေးသားထားပါသေးတယ်။ ဖြူဖြူထွေးရဲ့ တရားအလှူပွဲကြီးကိုတော့ ပရိသတ်တွေက သာဓုခေါ်ဆိုပြီး ချီးကျူးနေကြတာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်လာတဲ့အပြင် ပကာသနမရှိ ရိုးသားလွန်းပြီး တရားအလှူပွဲတွေပြုလုပ်ပေးတာကြောင့် ဒီထက်ပိုပြီးအောင်မြင်ဦးမှာလို့ မှတ်ချက်ပေးနေကြတာလည်း တွေ့ရပါတယ်။ ဖြူဖြူထွေးဟာ လူမှုကွန်ယက်ပေါ်က ဖေ့ဘုတ်တွေထက်မှာ အောင်မြင်မှုရရှိလာပြီး ကြော်ငြာရှင်တွေရဲ့ ကမ်းလှမ်းချက်တွေကို ရရှိလာခဲ့တဲ့ ဖေ့ဘုတ်ဆယ်လီတစ်ဦးပါ။ သူမရဲ့ ဖေ့ဘုတ်ပေါ်က အောင်မြင်မှုဟာ အချို့သော အနုပညာရှင်တွေ ချီးကျူးရလောက်အောင်အထိ ဖြစ်ခဲ့ပါတယ်။ Writer-YS,Cele Star

ကျိုက်ထီးရိုးကို မိသားစုလိုက်သွားရင်း ဘုရားဖူးလာသူတွေကို ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်က ဘုရားဖူးလာ ပရိသတ်တွေကို ရွှေမိုးငွေမိုးရွာပြီး အလှူအတန်းပြုလုပ်ခဲ့ပါတယ်။ အလှူရေစက်လက်နဲ့မကွာအောင် လှူဒါန်းနိုင်လွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ဘာသာတရားကိုလည်း ကိုင်းရှိုင်းရိုသေတတ်ကြသူတွေပါ။ အလှူအတန်းတွေတင်မကဘဲ ဘာသာရေးအတွက် ပါရမီဖြည့်ရာ လုပ်ဆောင်ချက်အများအပြားကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ကျိုက် ၅ ကျိုက်၊ ညောင်ဆယ်ပင်၊ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန် စတဲ့ အဓိဌာန်ပေါင်းများစွာကို ဦးဆောင်ပြီး ဆောင်ရွက်ခဲ့သူပါ။ ယခုလည်း မိသားစုလိုက် ကျိုက်ထီးရိုးကို ဘုရားဖူးသွားရောက်ခဲ့တာ တွေ့ရပါတယ်။ ရွှေတိဂုံ- ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ပို့ဆောင်တဲ့အချိန်ကလည်း ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်မှာသစ်တံခါးဆရာတော်ဘုရားကြီးကို ပင့်ဖိတ်ပြီး တရားပေးစေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားဖူးလာ ပရိသတ်တွေကို ရွှေမိုးငွေမိုးကြဲစေခဲ့ပြီး ယခုတစ်ခေါက် ကျိုက်ထီးရိုး ဘုရားဖူးမှာလည်း ဧည့်ပရိသတ်တွေကို ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့ပြန်ပါတယ်။ အလှူရေစက် လက်နဲ့မကွာလို့ ပရိသတ်တွေက ချီးကျူးထောပနာပြုရလောက်အောင် အလှူအတန်းတွေ လုပ်နိုင်လွန်းတဲ့သူမကို ပရိသတ်တွေက ပိုပိုပြီးအားကျ ချစ်ခင်လာကြတာတွေ့ရပါတယ်။ သူမချစ်တဲ့ အလှူအတန်းတွေကို ဘဝတစ်လျှောက် အမြဲလုပ်ဆောင်သွားနိုင်ပါစေလို့ ပရိသတ်တွေနဲ့ထပ်တူ...

ကြက်သီးထဖို့ကောင်းလောက်အောင် အားကျသွားမယ့် ခင်ပွန်းဖြစ်သူက စမိုင်းလ်ကို Surprise လုပ်ပေးခဲ့တဲ့ ဗီဒီယို

သရုပ်ဆောင် စမိုင်းလ်ကတော့ ချစ်သူများနေ့လေးမှာ ခင်ပွန်းဖြစ်သူရဲ့ Surprise အကြီးကြီးကြောင့် ဝမ်းသာမျက်ရည်တွေတောင်ကျခဲ့ရပါတယ်။ အခက်အခဲတွေနဲ့ပြည့်နေခဲ့တဲ့ ချစ်သူဘဝတည်းက လက်တွဲလာခဲ့ကြပြီး ယခုအချိန်မှာ အဘက်ဘက်က ပြည့်စုံနေချိန်မှာလည်း တစ်ဦးကိုတစ်ဦး သစ္စာမပျက်ဘဲ ချစ်နိုင်တာကြောင့် အားကျအတုယူသင့်တဲ့ အနုပညာရှင်စုံတွဲတွေထဲ ပါဝင်ခဲ့ပါတယ်။ အသက်တွေကြီးလာပေမယ့်လည်း အကြင်နာတရားတွေ တစ်စက်လေးမှ လျော့မသွားတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံက တစ်ဦးနဲ့တစ်ဦး ရိုဆန်ဆန် Surprise တွေ မကြာခဏပြုလုပ်လေ့ရှိပါတယ်။ ဘာသာရေးမှာလည်း အများအားကျရလောက်အောင် ဇနီးမောင်နှံ နှစ်ဦးစိတ်တူကိုယ်တူ ဆောင်ရွက်နိုင်တာလည်းတွေ့ရပါတယ်။ ချစ်သူများနေ့အတွက် ခင်ပွန်းဖြစ်သူကို ဘာ လက်ဆောင်မှမတောင်းဘဲ လူပေါင်း ၁၅၀၀ ကိုရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ပို့ပေးဖို့ပဲ စမိုင်းလ်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်က စမိုင်းလ်အတွက် ချစ်သူများနေ့မှာ Surprise အကြီးကြီးတစ်ခုဖန်တီးပေးခဲ့တာ ပရိသတ်ကြီးလည်းသိကြမှာပါနော်။ နေကြာပန်းခင်းကြီးတွေပြည့်နှက်နေတဲ့ ဘောလုံးကွင်းနဲ့အတူ သူမတို့ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရလေးတွေကို ကာတွန်းပုံစံနဲ့ ပုံဖော်ထားပြီး စမိုင်းလ်ကို...

ပူဇော်ထိုက်သူ ဆရာတစ်ဦးဖြစ်တဲ့ လှိုင်ဦးမော်ကို သွားရောက်ကန်တော့ခဲ့တဲ့ မနော

နိုင်ငံကျော်အဆိုရှင်တစ်ဦးဖြစ်သူ မနောကတော့ ပူဇော်ထိုက်သူတွေကို သွားရောက်ပူဇော်ကန်တော့ခဲ့ပါတယ်။ မြန်မာတေးသီချင်းတွေနဲ့ အောင်မြင်လာတဲ့ တေးသံရှင် မနောက မကြာခင်ကျရောက်လာတော့မယ့် သင်္ကြန်အတွက်လည်း သင်္ကြန်သီချင်းအသစ်စက်စက်လေး ထွက်ရှိထားသူပါ။ သူကိုယ်တိုင်သီဆိုထားတဲ့ ဗိုလ်အောင်ဒင်၊ ကြာဖြူနဲ့ သီချင်းပေါင်းများစွာက မြန်မာ့ ၁၂ လရာသီပွဲတော်တွေမှာ အဖွင့်များဆုံးသီချင်းတွေဖြစ်ခဲ့ပါတယ်။ ကလေးကစလို့ အသက်အရွယ်ကြီးတဲ့ လူကြီးတွေအထိ မနောရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်အားပေးခဲ့ကြရတာဖြစ်ပါတယ်။ မနောဟာ အဆိုတော်တစ်ဦးမဖြစ်လာခင်မှာ ခက်ခဲတဲ့ဘဝတစ်ခုကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ဘုန်းကြီးဆွမ်းခံကြွချိန်မှာ ကပ္ပိယအဖြစ် ကုသိုလ်ယူလုပ်ကိုင်နေဆဲဖြစ်ပါတဆယ်။ မနောဟာ ဘဝမမေ့တတ်သူတစ်ဦးဖြစ်ပြီး သူ့ကို ဂီတလောကထဲကူညီလက်တွဲခေါ်လာခဲ့တဲ့ ဂီတဆရာတစ်ဦးဖြစ်သူ လှိုင်ဦးမော်ကိုသွားရောက် ကန်တော့ခဲ့တာဖြစ်ပါတယ်။ “ပူဇာ စ ပူဇနေယျာနံ ပူဇော်ထိုက်သူကိုပူဇော်အပ်ခြင်းတဲ့ ကျနော် ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့ အနုပညာရှင်လည်းဖြစ်တယ် ကျနော့်ရဲ့ ပထမအဦးဆုံးတေးစီးရီး လက်ချောင်းများခွေ စထုတ်ကတည်းက စေတနာ မေတ္တာထားပြီး ကူညီလက်တွဲခေါ်ပေးခဲ့တဲ့ ဆရာသမားတစ်ဦးဖြစ်တဲ့ တေးရေး တေးဆို ကိုလှိုင်ဦးမော်...

မိသားစုညစာစားပွဲမှာ တစ်ခွန်းတည်းပြောပြီး စည်းကမ်းထုတ်ခဲ့တဲ့ လွင်မိုး

သရုပ်ဆောင် လွင်မိုးတို့မိသားစုက ငပလီကမ်းခြေကို အပန်းဖြေဖို့ အလည်အပတ် ရောက်ရှိနေတာဖြစ်ပါတယ်။ ပရိသတ်တွေက အားကျချစ်ခင်ကြရတဲ့ မိသားစုဘဝလေးကို သရုပ်ဆောင်လွင်မိုးက ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သမီးလေး ၂ ဦးနဲ့အတူ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့အပြင် ယခုဆိုရင် မြေးချောလေးကိုပါ ပိုင်ဆိုင်ရရှိထားပြီဖြစ်ပါတယ်။ အရင်ထက်ပိုပြီး ပြည့်စုံတဲ့ မိသားစုဘဝလေးကို ရရှိလာတဲ့ လွင်မိုးဟာ သားသမီးအချစ် မြေးအနှစ်ဆိုသလို မြေးလေး လီယျံကိုသည်းသည်းလှုပ်ချစ်နေတာလည်းဖြစ်ပါတယ်။ မြေးလေးနဲ့အတူ ခရီးတွေထွက်လေ့ရှိတဲ့ လွင်မိုးတို့ဇနီးမောင်နှံဟာ ယခုလည်း မိသားစုလိုက် ငပလီကမ်းခြေကိုရောက်ရှိနေတာတွေ့ရပါတယ်။ မိသားစုလိုက် ငပလီကမ်းခြေမှာ ညစာစားနေချိန် လွင်မိုးက စည်းကမ်းချက်တစ်ခုကို ထုတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ထမင်းလက်ဆုံစားစဉ် ဖုန်းတွေကို အသုံးမပြုဘဲ စုပုံချထားရတဲ့စည်းကမ်းချက်လေးပဲဖြစ်ပါတယ်။ “မိသားစု ညစာ “တခွန်းတည်းပြောမယ်” ဘယ်သူမှ ဖုံးမသုံးရ” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ ရေးသားထားတာဖြစ်ပါတယ်။ စမတ်ဖုန်းတွေပေါများလာတဲ့ ယနေ့ခေတ်ကာလမှာ မိသားစုတွေ မိတ်ဆွေတွေ နီးလျက်နဲ့ ဝေးနေကြသလိုဖြစ်လာခဲ့ပါတယ်။...

ခင်ပွန်းဖြစ်သူရဲ့ ညီလေး မင်္ဂလာပွဲကို မိသားစုလိုက် တက်ရောက်ဂုဏ်ပြုခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုက သူမ ခင်ပွန်းဖြစ်သူရဲ့ ညီလေး မင်္ဂလာပွဲကို မိသားစုလိုက် တက်ရောက်ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေ အားကျပြီးအတုယူရလောက်အောင် ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားတာကတော့ စမိုင်းလ်တို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ ဘဝကို ဇီးရိုးဘဝကနေ စတင်ဖြတ်သန်းလာခဲ့ကြပြီး ယနေ့လိုအခြေအနေထိရောက်အောင် နှစ်ယောက်အတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အခက်အခဲတွေဘယ်လောက်ရှိရှိ တစ်ဦးနဲ့တစ်ဦး သစ္စာမပျက်ဘဲ တွဲလက်တွေခိုင်မြဲစွာနဲ့ အချစ်တွေတိုးပွားလာအောင်သာ ဖန်တီးနိုင်ခဲ့ကြသူတွေပါ။ စမိုင်းလ်တို့ဇနီးမောင်နှံဟာ သားသမီးတွေရလာသည်ထိတိုင်အောင် တစ်ဦးနဲ့တစ်ဦး ကြင်နာမှု၊ ဂရုစိုက်မှုတွေ လျော့မသွားခဲ့ပါဘူး။ ဘဝကို အတူရင်ဆိုင်ဖြတ်သန်းနေသလို ဘဝအတွက်အရေးကြီးတဲ့ ဘာသာတရားကိုလည်း အတူတကွ ရိုသေကိုင်းရှိုင်းကြတာလည်းဖြစ်ပါတယ်။ စမိုင်းလ်က လူပေါင်းများစွာအတွက် အဓိဌာန်တွေဝင်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသေးတယ်။ သူမလိုပဲ ဘာသာတရားကို မမေ့လျော့ကြအောင်လို့ ပါရမီဖြည့်ပေးနေတဲ့အနုပညာရှင်တစ်ဦးပါ။ စမိုင်းလ်ကတော့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ ညီလေး မင်္ဂလာပွဲကို မိသားစုလိုက်တက်ရောက်ဂုဏ်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။ မိသားစုလိုက် ပန်းရောင်ဝတ်စုံလေးနဲ့အတူ လှပနေတဲ့ ညနေခင်းပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်။ ခဲအိုလေးရဲ့ မင်္ဂလာပွဲကိုတက်ပြီးစမိုင်းလ်တစ်ယောက် ပျော်ရွှင်ပီတိဖြစ်လွန်းလို့...

၂ လေးလုံးနဲ့ တိုက်ဆိုင်နေတဲ့ ချစ်သူသက်တမ်းနေ့လေးမှာ စည်ဖြိုးကို ကတိတွေပေးလိုက်တဲ့ ခင်လွှမ်း

သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ချစ်သူ (၂) ဦးကိုတော့ ပရိသတ်တွေ သိကြမှာပါနော်။ ဗီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်တွေရင်းနှီးခဲ့တဲ့ စည်ဖြိုးကတော့ ခင်လွှမ်းနဲ့အတူ ပျော်စရာကောင်းပြီး ခိုင်မြဲတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ သူတို့ ချစ်သူ နှစ်ဦးလုံးဟာ အနုပညာနယ်ပယ်ထဲမှာ ကျင်လည်နေကြတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ ခင်လွှမ်းကတော့ ၂၀၀၈ ခုနှစ်လောက်တည်းက မော်ဒယ်လောကကနေ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာ ခင်လွှမ်းက သူမရဲ့ အမိုက်စားခန္ဓာကိုယ်နဲ့အတူ ပရိသတ်တွေကြား ရေပန်းစားလာခဲ့တာလည်း တွေ့ရပါတယ်။ စည်ဖြိုးနဲ့အတူ သာယာတဲ့ အချစ်အိမ်လေးကို တည်ဆောက်ထားတဲ့ သူတို့ Relationship ဟာ ၂ နှစ် ၂ လ ၂ ပတ် နဲ့ ၂ ရက်ရှိပြီဖြစ်တယ်လို့ ခင်လွှမ်းက သူမရဲ့ လူမှုကွန်ယက်အကောင့်ကနေ ရေးသားလာတာဖြစ်ပါတယ်။ “ဒီနေ့ ချစ်သူသက်တမ်း ၂နှစ် ၂လ ၂ပတ်နဲ့...

နှစ်စဉ်ကျင်းပတဲ့ ရှန်ခိုက်ဘုရားပွဲကို ရိုးရာဝတ်စုံလေး ဝတ်ပြီး တက်ရောက်ခဲ့တဲ့ အေးမြတ်သူ

အေးမြတ်သူကတော့ ဟိန္ဒူရိုးရာ ဝတ်စုံလေးနဲ့ ရှန်ခိုက်ဘုရားပွဲကို တက်ရောက်ခဲ့ပါတယ်။ အပျိုကြီးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ရလောက်အောင် အချစ်ရေးကိုလည်း လျိုဝှက်ထားတတ်သူတစ်ဦးပါ။ အသက် (၃၀) ကျော်လာတဲ့နောက်ပိုင်းမှာမှ အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်လေးအချို့ကို အေးမြတ်သူတစ်ယောက် ပြောပြတတ်လာတာတွေ့ရပါတယ်။ မြန်မာဆန်တဲ့ ကိုယ်လုံးကိုယ်ပေါက်အလှလေးနဲ့အတူ သူမရဲ့ ပါးချိုင့်လေး နှစ်ဖက်က ပရိသတ်တွေကို ပိုမိုရင်ခုန်စေခဲ့ပါတယ်။ အေးမြတ်သူဟာ သူမချစ်တဲ့ အနုပညာအလုပ်တွေနဲ့အတူ မိသားစုကိုသာ အချိန်ပေးပြီး ဖြတ်သန်းနေခဲ့တာပါ။ အေးမြတ်သူက လားရှိုးမြို့မှာ နှစ်တိုင်းကျင်းပပြုလုပ်လေ့ရှိတဲ့ ရှန်ခိုက်ဘုရားပွဲကို တစ်နှစ်တစ်ခါ ရောက်အောင် လာခဲ့သူဖြစ်ပါတယ်။ ယခုနှစ်မှာ ပြုလုပ်တဲ့ (၁၁၇) နှစ်မြောက် ပေါ်တော်မူ သီရိ သီဝ ရှန်ခိုက်ဘုရား၏ ၂၀၂၀ ပြည့်နှစ် မဟာသျှီဝရာတြီ ပွဲတော်ကြီးကိုလည်း ဟိန္ဒူရိုးရာဝတ်စုံလေးဝတ်ပြီး တက်ရောက်လာခဲ့ပါတယ်။ နှစ်တိုင်း အေးမြတ်သူရဲ့ ရိုးရာဝတ်စုံနဲ့ပုံလေးတွေကို ပရိသတ်ကြီးမြင်တွေ့ဖူးကြမှာပါ။ ဒီတစ်နှစ်မှာလည်း အဝါရောင် ရိုးရာဝတ်စုံလေးနဲ့ ဘယ်လောက်တောင်...

မင်္ဂလာပွဲမှာ လူပျိုကြီး ခန့်စည်သူကို အပြိုင်လုခဲ့ကြတဲ့ ရွှေမင်းသမီးလေးတွေ

လူပျိုကြီးခန့်စည်သူကတော့ မင်္ဂလာဆောင်မှာ မင်းသမီးလေး (၅) လက်ရဲ့ အပြိုင်လုတာကို ခံလိုက်ရပါတယ်။ ခန့်စည်သူဟာ ယနေ့အချိန်ထိ လူပျိုကြီးဘဝနဲ့ အရိုးထုတ်နေပြီးတော့ မိဘ နှစ်ပါးကို စောင့်ရှောက်နေတဲ့ သားကောင်းရတနာတစ်ဦးလည်းဖြစ်ပါတယ်။ သရုပ်ဆောင် မေမြင့်မိုရ်၊ ရွှေသမီး၊ နန်းစန္ဒာလှထွန်း၊ ခင်ဝင့်ဝါနဲ့ စံထိပ်ထားဦးတို့ (၅) ဦးက မင်္ဂလာပွဲတစ်ခုမှာ ပန်းကြဲ ဗန်းကိုင်တွေအဖြစ် ပါဝင်ကူညီထားကြတာ တွေ့ရပါတယ်။ ဒီမင်္ဂလာပွဲလေးကို ခန့်စည်သူကလည်း ပါဝင်ကူညီခဲ့တာဖြစ်ပါတယ်။ အရောင်တစ်မျိုးစီနဲ့ လှပနေကြတဲ့ ဒီမင်းသမီးလေး (၅) ဦးရဲ့ ပုံလေးတွေက ပရိသတ်ကြီးကို ရင်ခုန်စေမှာပါ။ မြန်မာဆန်တဲ့ အလှတရားတွေနဲ့ သူတို့ (၅) ဦးရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ဒါ့အပြင် လူပျိုကြီး ခန့်စည်သူကို အပြိုင် ဆွဲပြီး လုနေကြတဲ့ ပုံရိပ်လေးတွေကလည်း ချစ်စဖွယ်ပုံဖော်ထားတဲ့ ပုံရိပ်ကောင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်။ Writer-YS,Cele Star

ချစ်သူလေးနဲ့အတူ ကမ်းခြေကိုရောက်ရှိနေတဲ့ အဆိုတော် ဂေဂေး

အဆိုတော် ဂေဂေးက ချစ်သူဖြစ်တဲ့ အလှမယ် ဆွေဇင်ထက်နဲ့အတူ ချောင်းသာကမ်းခြေကိုရောက်ရှိနေတာဖြစ်ပါတယ်။ အလှမယ် ဆွေဇင်ထက်က သူမဟာ LGBT တစ်ဦးဖြစ်ကြောင်း အလှမယ်ပြိုင်ပွဲမှာ ချပြခဲ့တာဖြစ်ပါတယ်။ Miss Universe Myanmar 2019 ရဲ့ ဝင်းနားဆုရှင်တစ်ဦးဖြစ်သူ အလှမယ် ဆွေဇင်ထက်ဟာ မြန်မာနိုင်ငံကိုယ်စားပြုပြီးတော့ Miss Universe ကိုသွားရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာပဲ သူမဟာ LGBT တစ်ဦးဖြစ်ကြောင်းနဲ့ သူမရဲ့ ချစ်သူဟာ အဆိုတော်ဂေဂေးဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးပြောကြားခဲ့တာပါ။ သူမဘဝအမှန်ကို ပြောပြဖို့အတွက် အဘက်ဘက်က တာဝန်ရှိသူတွေကို တိုင်ပင်ဆွေးနွေးခဲ့ပြီးမှ ပြောဆိုခဲ့တယ်လို့ အလှမယ် ဆွေဇင်ထက်က ဆိုပါတယ်။ အဆိုတော်ဂေဂေးနဲ့ အတူ ပျော်ရွှင်ဖို့ကောင်းတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားပြီး သူမတို့ရဲ့ Relationship ကို ပရိသတ်တွေကလည်း အသိအမှတ်ပြု အားပေးခဲ့ကြပါတယ်။ အဆိုတော်ဂေဂေးနဲ့ အလှမယ်ဆွေဇင်ထက်တို့ ချစ်သူ နှစ်ဦးကတော့ လက်ရှိမှာ ချောင်းသာကမ်းခြေကိုရောက်ရှိပြီး အပန်းဖြေနေကြတာဖြစ်ပါတယ်။ သူတို့ ချစ်သူ နှစ်ဦးရဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ...

x