Monthly Archive: January, 2020

သားအမိနှစ်ယောက်ကြားက ကြီးမားလှတဲ့ သံယောဇဉ်လေးကို ပုံဖော်ပြခဲ့တဲ့ လင်းဇာနည်ဇော်

သရုပ်ဆောင် လင်းဇာနည်ဇော်က သူမတို့ သားအမိ နှစ်ယောက်ရဲ့ ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။ လင်းဇာနည်ဇော်ဟာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားတာပါ။ သူမနဲ့ ချွတ်စွပ်တူပြီး သူမလိုပဲ အနုပညာသွေးအပြည့်ပါတဲ့ မြူလင်းကိုကိုက အနုပညာကို ဝါသနာပါလွန်းလို့ အိမ်မှာနေရင်တောင် တစ်ယောက်တည်း သရုပ်ဆောင်ဖြစ်တယ်လို့ ဆိုပါသေးတယ်။ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကိုကို တအားချစ်တဲ့လင်းဇာနည်ဇော်က သမီးလေးပြန်အလာကို ရက်တွက်ပြီး စောင့်နေတတ်တာကိုလည်းတွေ့ရပါတယ်။ မြူလင်းကိုကိုဟာ သြစတြေးလျမှာ သွားရောက်ကျောင်းတက်နေတာဖြစ်ပြီးတော့ မိခင်နဲ့ ခေတ္တခဏ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး မိခင်ဖြစ်သူ ပါဝင်သရုပ်ဆောင်ထားပြီး ဦးလေးဖြစ်သူ ရိုက်ကူးထားတဲ့ မြန်မာပေါကားများရပ် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Carpet Show ကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ သမီးလေးပြန်ရောက်လာလို့ အင်မတန်ကိုပျော်နေတယ်လို့ ထင်ရတဲ့ လင်းဇာနည်ဇော်က သူမတို့ သားအမိ ၂ ဦးကြားက သံယောဇဉ် လေးတွေကို ဓာတ်ပုံလေးနဲ့တကွ...

ကျန်းမာရေးမှ တာဝန်ရှိသူများကို တစ်ခွန်းတည်းပြောလိုက်တဲ့ လွင်မိုး

သရုပ်ဆောင် လွင်မိုးက ကျန်းမာရေးက တာဝန်ရှိသူများကို သူပြောနေကျ စကားအတိုင်း တစ်ခွန်းတည်းပြောလိုက်ပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့၊ ယနေ့ မနက်ပိုင်းက China Southern လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်က လိုက်ပါလာတဲ့ ဝူဟန်မြို့က တရုတ်အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေတယ်လို့ သံသယရှိတာကြောင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားရှိတာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့နယ်ကနေစတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေကို တဖြည်းဖြည်းနဲ့ ကူးစက်လာခဲ့ပါတယ်။ မြန်မာပြည်သူ၊ ပြည်သားတွေကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး နိုင်ငံတွင်းရောက်ရှိလာမှာကို အထူးစိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ ဒီကနေ့ မနက်ဖလိုက်မှာ ပါဝင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူကြောင့် ပြည်သူ၊ ပြည်သားတွေ အထူးထိတ်လန့်စိုးရိမ်နေကြတာပါ။ လေယာဉ်ပေါ်ပါရှိတဲ့ ခရီးသည်တွေထဲမှာမှ မြန်မာနိုင်ငံသား ၂ ဦးကိုသာလျှင် ပြန်ခေါ်ထားမည်ဖြစ်ပြီး ကျန်ခရီးသည်များအားလုံးကို ထိုလေယာဉ်ဖြင့် ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။ ဒီလို အထိတ်တလန့်ဖြစ်နေကြတဲ့ ရောဂါနဲ့ပတ်သက်ပြီး သရုပ်ဆောင် လွင်မိုးက ကျန်းမာရေးက တာဝန်ရှိသူတွေကို...

ခြေတစ်ဖက် ထက်ပိုင်းကျိုးနေတဲ့ကြားက ခက်ခက်ခဲခဲမီးဖွားနေရတဲ့ နွားမလေးကို ကိုယ်ချင်းမစာ အချင်းကို စားဖို့ ကြိုးစားနေသူတွေရဲ့ လက်ထဲက ကယ်တင်ပေးခဲ့တဲ့ စံရတီမိုးမြင့်

မင်းသမီးလေး စံရတီမိုးမြင့်ရဲ့ မေတ္တာတရားကြီးမားမှုကတော့ အံ့မခန်းပါပဲနော်။ သူမဟာ တိရိစ္ဆာန်လေးတွေကို ကြင်နာသနားပြီး ချစ်ခင်တတ်သူလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အသံလေးနဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ စံရတီမိုးမြင့်က အနုပညာလမ်းပေါ်မှာ လျှောက်လှမ်းနေဆဲပါ။ စံရတီမိုးမြင့်ဟာ သူမကိုအားပေးတဲ့ ပရိသတ်အခိုင်အမာကို ရရှိထားသူတစ်ဦးပါ။ တိရိစ္ဆာန်လေးတွေအပေါ် သနားကြင်နာတတ်တဲ့ သူမရဲ့ စိတ်ဓာတ်လေးကိုလည်း ပရိသတ်တွေက ချစ်ခင်လေးစားနေကြတာပါ။ ယခုလည်း ခြေတစ်ဖက် ထက်ပိုင်းကျိုးနေတဲ့ကြားက ကိုယ်ဝန်သည် နွားမလေးရဲ့ ဘဝကို စံရတီမိုးမြင့်က တစ်ဖက်တစ်လှမ်းကနေ ကယ်တင်ပေးခဲ့ပြန်ပါတယ်။ နွားမလေးဟာ ခြေတစ်ဖက် ထက်ပိုင်းကျိုးပြီး အရိုးတွေ ငေါထွက်နေတဲ့ကြားက သူမရဲ့ ကလေးတွေကို ကြိုးစားပြီး မွေးဖွားနေခဲ့ပါတယ်။ သို့သော်လည်း ကြောက်စရာကောင်းလွန်းလှတဲ့ လူတွေရဲ့ လောဘကြောင့် မီးဖွားနေတဲ့ အချိန်မှာ သူမရဲ့ သားအိမ်ကို အချင်းမှတ်ပြီး ဆွဲယူစားသောက်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒီလိုသနားစရာကောင်းလှတဲ့ နွားမလေးမိချောရဲ့ ဘဝကို ထိုသို့သောသူတွေရဲ့ လက်ထဲကနေလွတ်မြောက်အောင်...

လေယာဉ်တစ်စီးပျံသန်းနေသလို လေတိုက်နှုန်းအမြင့်ကြီးနဲ့ လေပေါ်မှာ ပျံဝဲခဲ့တဲ့ ဖွေးဖွေး

အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးက skydiving အားကစားနည်းကို ပြုလုပ်ခဲ့ပါတယ်။ ဖွေးဖွေးက သူမရဲ့ အားကစားနည်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Indoor Skydiving ကို ကြိုးစားပြီး ကစားကြည့်ခဲ့တာဖြစ်ပါတယ်။ ဒီကစားနည်းက အပြင်မှာတကယ်လေထီးခုန်ချသလို ခံစားရစေတာဖြစ်ပါတယ်။ လေတိုက်နှုန်းအမြင့်ကြီးမှာ ခန္ဓာကိုယ်ကို လေထဲမှာပျံဝဲနေစေဖို့အတွက် Balance ဖြစ်အောင် ထိန်းညှိရတာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း စိတ်တည်ငြိမ်အောင်ထိန်းသိမ်းရတဲ့ ကစားနည်းတစ်ခုလည်းဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ဒီလိုကစားနည်းကို ရန်ကုန်က Sky Diving ပြုလုပ်တဲ့နေရာမှာ ကစားခဲ့တာဖြစ်ပါတယ်။ မိနစ်ပိုင်းသာကြာမြင့်တဲ့ ဒီကစားနည်းတစ်ခုကို ဖွေးဖွေးတစ်ယောက် ဘယ်လိုစိတ်လှုပ်ရှားစွာနဲ့ ကစားခဲ့လဲဆိုတာ ပရိသတ်ကြီးကို ဖော်ပြပေးချင်ပါတယ်။ အရမ်းမြင့်မားတဲ့ လေတိုက်နှုန်းကြောင့် သူမပါးတွေ ချိုင့်သွားပုံလေးကိုလည်း ချစ်စနိုးနဲ့ ပြောထားပါသေးတယ်။ ဖွေးဖွေးတစ်ယောက် လေထဲမှာဝဲပျံနေတာကိုကြည့်ပြီး ပရိသတ်တွေက ဇင်ယော်လေးတစ်ကောင်ဝဲပျံနေသလိုပဲလို့ တင်စားပြောဆိုထားကြတာတွေလည်းရှိပါတယ်။ ဖွေးဖွေးကိုကြည့်ပြီး ပရိသတ်ကြီးလည်း ဒီ Skydiving အားကစားနည်းလေးကို သဘောကျလိမ့်မယ်လို့ ထင်ပါတယ်နော်။ ဖွေးဖွေးကတော့...

သမီးလေး မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းမပေးဘဲ တကယ်ပျော်ရွှင်အောင် ဖန်တီးပေးလိုက်တဲ့ ဘုန်းသိုက်

မော်ဒယ် သရုပ်ဆောင် ဘုဏ်းသိုက်က သမီးလေး မြမိုးဂင်္ဂါရဲ့ မွေးနေ့ကို ဆုတောင်းပေးရုံတင်မဟုတ်ဘဲ တကယ်ပျော်ရွှင်အောင်ပဲ ဖန်တီးပေးလိုက်တယ်လို့ ဆိုလာပါတယ်။ အဆိုတော် ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့က ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သမီးလေးတစ်ယောက် ထွန်းကားခဲ့ပြီး မြမိုးဂင်္ဂါလို့ အမည်ပေးထားတဲ့ သမီးလေးဟာ ယခုဆိုရင် အသက် (၆) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မိသားစု အဆင်မပြေမှုတွေ ရှိနေပေမယ့် သမီးလေးကိုတော့ ပျော်ရွှင်စိတ်ချမ်းသာအောင် မိဘ နှစ်ပါးလုံးက ကြိုးစားနေကြတာပါ။ ယနေ့ ကျရောက်လာတဲ့ မြမိုးဂင်္ဂါရဲ့ မွေးနေ့လေးကို ဖခင်ဖြစ်သူ ဘုဏ်းသိုက်က ပျော်ရွှင်အောင် ဖန်တီးခဲ့ပါတယ်။ မွေးနေ့ဆုတောင်းလေးကိုလည်း ယခုလိုပဲ ရေးသားထားတာတွေ့ရပါတယ်။ ” Very Happy Birthday My Bb’girl •••မြမိုးဂင်္ဂါ ၂၃ ဇန်နဝါရီလ ၂၀၁၄ သမီးလေးကို မွေးတဲ့ နေ့မှာပဲ...

သူမသားသမီးလေးတွေ ကျယ်ကျယ်ဝန်းဝန်းနေနိုင်ဖို့အတွက် ဂေဟာဆောက်နေတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေက သူမရဲ့သားသမီးလေးတွေအတွက် ဂေဟာဆောက်လုပ်နေတယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီးတော့ စွန့်ပစ်ခံကလေးငယ် တွေကို အကူညီပေးပြီး မေတ္တာတွေပေးနေတဲ့ ပရဟိတမင်းသမီးလေးတစ်ဦးပါ။ ခိုင်နှင်းဝေက သူမရဲ့သားသမီးလေးတွေကို ဝမ်းနဲ့လွယ်မွေးဖွားထားရသလို ဂရုတစိုက်နဲ့ စောင့်ရှောက်နေတာဖြစ်ပါတယ်။ အနုပညာလောကထဲက အနုပညာရှင်တွေကလည်း ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နိုင်အောင် တစ်ဘက်တစ်လှမ်းကနေ လှူဒါန်းနေကြတာတွေ့ရပါတယ်။ ယခုလည်း သူမရဲ့သားသမီးတွေကျယ်ကျယ်ဝန်းဝန်းနေထိုင်နိုင်ဖို့အတွက် ဂေဟာတစ်ခုကို တည်ဆောက်နေတယ်လို့ သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ ဖော်ပြလာတာတွေ့ရပါတယ်။ “ကလေးတွေအတွက် အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ပီတိတွေနဲ့ မမောနိုင်ပါဘူး.ခုဆို ကလေး ၃၀ ထက်ပိုမကယ်နိုင်သေးဘူး.နေရာလေးကျဉ်းနေလို့.ဂေဟာဆောက်ပြီးသွားရင်တော့ ကလေးတွေလဲကျယ်ကျယ်ထားနိုင်ပြီ.လမ်းပျောက်နေတဲ့ ကလေးတွေလဲ ထပ်ကယ်နိုင်မယ်.ကြိုးစားရင်းရှေ့ဆက်လို့နေပါတယ်ရှင် 😊😊😊” ခိုင်နှင်းဝေရဲ့ မိခင်မေတ္တာတရားကတော့ အင်မတန်ကြီးမားလွန်းလှပါတယ်။ Writer-YS.Cele Star

ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးနေ့လေးကို မိသားစုဝင်အသစ်လေးနဲ့ အတူ ဖြတ်သန်းရတော့မယ့် သင်ဇာနွယ်ဝင်း

သင်ဇာနွယ်ဝင်းကတော့ အနုပညာလုပ်ငန်းတွေကို လုံးဝနီးပါးရပ်နားလိုက်ပြီး မိသားစုကိုပဲ အချိန်ပေး ဂရုစိုက်နေခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မော်ဒယ်မလေး မင်းသမီးလေးအဖြစ် လူသိများတဲ့ သင်ဇာနွယ်ဝင်းဟာ လက်ရှိမှာ သားသမီး (၂) ဦးထွန်းကားပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ခင်ပွန်းသည်ရဲ့ ချစ်ခင်ဂရုစိုက်မှုတွေကြားမှာ စိတ်ချမ်းသာရသလို ပိုမိုလှပ နုပျိုလာတာလည်း တွေ့ရပါတယ်။ သားလေး Peach ကို မွေးဖွားပြီးနောက်မှာတော့ သမီးလေး တစ်ယောက်ထပ်လိုချင်တယ်ဆိုတဲ့ သင်ဇာနွယ်ဝင်းရဲ့ ဆန္ဒလေးတွေ ပြည့်ဝသွားခဲ့ပါတယ်။ သင်ဇာနွယ်ဝင်းက သူမနဲ့တူပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ထပ်မံမွေးဖွားခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်နှစ် တရုတ်နှစ်သစ်ကူးကိုတော့ သူမတို့ရဲ့မိသားစုဝင်အသစ်လေးနဲ့အတူ ဖြတ်သန်းခွင့်ရရှိတော့မှာပဲဖြစ်ပါတယ်။ ဇန်နဝါရီ ၂၄ နဲ့ ၂၅ မှာကျရောက်လာမယ့် တရုတ်နှစ်သစ်ကူးအကြိုနဲ့ နှစ်သစ်ကူးနေ့ကိုတော့ သင်ဇာနွယ်ဝင်းတို့ မိသားစု ၃ ယောက်လုံးက တရုတ်ရိုးရာဝတ်စုံလေးတွေနဲ့ ဖြတ်သန်းဖို့ အဆင်သင့်ဖြစ်နေကြောင်း သူမသုံးစွဲနေတဲ့ အကောင့်မှာ ပုံလေးတွေနဲ့တကွ ဖော်ပြထားတာဖြစ်ပါတယ်။ သင်ဇာနွယ်ဝင်းနဲ့ သားလေး...

အဘဆီ နောက်တခေါက်ပြန်လာပြီး မသန်စွမ်း သမီးလေးအတွက် Wheel Chair ထပ်လှူသွားတဲ့ Sinon

ဖိလစ်ပိုင်မော်ဒယ် Sinon ကတော့ ဒီမနက်ခင်းပိုင်းမှာ အဘတို့မိသားစုဆီ အလှူအတန်းတွေသွားလုပ်ခဲ့ရုံတင်မကဘဲ အဘရဲ့သမီးလေးအတွက်ပါ Wheel Chair လှူဒါန်းပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ဈေးထဲ အသီးရောင်းတဲ့ အဘကို ရောင်းချခွင့်မရှိတဲ့နေရာမှာ စည်းကမ်းမဲ့ ရောင်းချတယ်ဆိုပြီး အသီးတွေဖျက်စီးပစ်ခဲ့တဲ့ ဗီဒီယိုကြောင့် လူမှုကွန်ယက်သုံးစွဲသူတွေက ဂရုဏာသက်ကာ သွားရောက်လှူဒါန်းမှုပြုလုပ်နေကြတာပါ။ သရုပ်ဆောင် ရွှေပိုးအိမ်ကလည်း အဘဆီကိုအရောက်သွားလှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။ ဒီနေ့မှာတော့ ဒုက္ခရောက် အခက်အခဲကြုံနေတဲ့သူတွေကို အမြဲကူညီနေတဲ့ ဖိလစ်ပိုင်မော်ဒယ် Sinon က အဘရဲ့ အိမ်ကိုအရောက်သွားခဲ့ပါတယ်။ အဘအတွက်လိုအပ်တာတွေ လှူဒါန်းပေးခဲ့ပြီး သူ့ရဲ့ မေတ္တာတရားတွေနဲ့ နွေးထွေးမှုအပြည့်အဝပေးခဲ့တာဖြစ်ပါတယ်။ Sinon က ညနေ ၃ နာရီမှာ အဘဆီ နောက်တစ်ကြိမ်ပြန်လာပြီး အဘရဲ့သမီးလေး အတွက် Wheel Chair လှူဒါန်းမယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီနေ့ ညနေ ၃ နာရီမှာတော့ အဘရဲ့သမီးလေးအတွက် Sinon တစ်ယောက် Wheel Chair...

လိမ္မော်သီးသည် အဘတို့ မိသားစုဆီအရောက်သွားပြီး မေတ္တာတွေနဲ့ နွေးထွေးစေခဲ့တဲ့ Sinon

ဖိလစ်ပိုင် Catwalk မော်ဒယ်တစ်ဦးဖြစ်သူ Sinon က အသီးသည် အဘကြီးဆီကိုသွားရောက်လှူဒါန်းခဲ့ပါတယ်။ Sinon ဟာ ကမ္ဘာတဝန်းနာမည်ကြီးတဲ့ Catwalk လျှောက်သူတစ်ဦးဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အလည်ပတ်လာရောက်စဉ်မှာ အားပေးသူပရိသတ်တွေ အများအပြားရရှိခဲ့တာကြောင့် ဇာတ်ကားတွေပါရိုက်ကူးနေရပြီဖြစ်ပါတယ်။ မြန်မာပရိသတ်တွေရဲ့ အားပေးမှု၊ စိတ်ဝင်စားမှု အများအပြားရရှိရခြင်းရဲ့ အဓိကအချက်မှာ Sinon ရဲ့ စိတ်စေတနာကောင်းမွန်မှု၊ လိုအပ်နေတဲ့ သူတွေအပေါ် လိုက်လံကူညီပေးမှု၊ ဖေးမမှု တွေပါဝင်နေပါတယ်။ Sinon ဟာ မြန်မာနိုင်ငံမှာနေထိုင်နေစဉ်အတွင်း အကူအညီလိုအပ်နေသူပေါင်းမြောက်မြားစွာကို ကူညီပေးခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုလည်း တစ်ဖက်တစ်လှမ်းကနေ လျှော့ချနိုင်ဖို့ ဆောင်ရွက်နေသူတစ်ဦးပါ။ ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်ပျံ့နှံ့သွားတဲ့ လိမ္မော်သီးသည်အဘကြီးကိုကူညီနိုင်ဖို့ မနေ့တည်းက Sinon တစ်ယောက် မေးမြန်းစုံစမ်းနေခဲ့တာဖြစ်ပါတယ်။ ယနေ့မှာတော့ အကူညီလိုအပ်နေတဲ့ အဘဆီကိုအရောက်သွားခဲ့ပြီး မေတ္တာတွေအပြည့်ပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒါ့အပြင် အဘအတွက် လိုအပ်နေတဲ့ လှူဒါန်းမှုလေးတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ Sinon...

မွေးနေ့မှာ ခိုင်နှင်းဝေဂေဟာက ကလေးတွေဆီကို အရောက်သွားလှူတဲ့ အိစိကွေး

သရုပ်ဆောင် အိစိကွေးဟာ ငယ်စဉ်ကလေးဘဝတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကျရောက်လာတဲ့ (၁၉) နှစ်ပြည့်မွေးနေ့လေးမှာ အိစိကွေးက ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာဆီသို့ သွားရောက်ပြီးလှူဒါန်းခဲ့ပါတယ်။ အိစိကွေးဟာ ငယ်စဉ်တည်းက ကြော်ငြာပေါင်းများစွာနဲ့ ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ် နေရာယူ ရိုက်ကူးခွင့်ရခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ်လည်း ပရိသတ်တွေက လက်ခံပြီးအားပေးခဲ့ကြတာပါ။ အရွယ်ရောက်လာပြီးအချိန်မှာလည်း သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေဟာ ရပ်မသွားဘဲ ဆက်လက်လျှောက်လှမ်းနေခဲ့ပါတယ်။ ယခုဆိုရင်တော့ အိစိကွေးဟာ အသက် (၁၉) နှစ်ပြည့်သွားပြီး အသက် (၂၀) ထဲရောက်ရှိလို့လာခဲ့ပါပြီ။ မနေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့လေးကို အကျိုးရှိပြီးမွန်မြတ်လှတဲ့ အလှူအတန်းလေးနဲ့ ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒါကတော့ အနုပညာလောကထဲက သရုပ်ဆောင် ခိုင်နှင်းဝေ တည်ထောင်ထားတဲ့ ရင်သွေးလေးများဂေဟာ က ကလေးတွေဆီကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ကလေးချစ်တတ်တဲ့ အိစိကွေးအတွက်တော့ ဂေဟာကိုရောက်စဉ် အပျော်ဆုံးအချိန်တွေကို ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုတာကတော့ ပြောပြဖို့ စကားလုံးတောင်ရှိမယ်မထင်ပါဘူး။...

x