Monthly Archive: December, 2019

သူမကိုဝေဖန်နေသူတွေကို ပြန်လည်ခနဲ့လိုက်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်ရ်

မြန်မာအိုင်ဒေါလ် Season 4 ရဲ့ Winner ဆုရှင် အက်စတာကတော့ သူမကို ဝေဖန်နေတဲ့ ပရိသတ်တွေကို ပြန်လည်ခနဲ့လိုက်ပြန်ပါတယ်။ အက်စတာက သူမရဲ့ ဖေ့ဘုတ်မှာ ” သမီးငြိမ်နေတယ်ဆိုတာ အမှန်တရားကိုဘုရားသိတယ်၊ သမီးသိတယ်၊ ဘုရားလှုပ်ရှားပါလိမ့်မယ်၊ သမီးကတော့ အမျိုးတွေနဲ့ ရတဲ့ဆုကို ပျော်ပျော်ကြီးအောင်ပွဲခံလိုက်ဦးမယ်၊ တခြားအရာတွေအတွက် အချိန်ပေးဖို့ မအားသေးဘူး” လို့ ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်တာပါ။ သူမရဲ့ ဒီလိုပြောဆိုမှုကြောင့် ပရိသတ်တချို့က စိတ်မကောင်းဖြစ်နေကြပြီး Winner ဆုရလို့ စကားအသုံးအနှုန်းတွေပြောင်းလဲနေတယ်၊ ဘဝင်မြင့်သွားတယ်ဆိုပြီး မန့်တွေမှာ ပြောဆိုထားကြတာကို တွေ့ရပါတယ်။ တချို့ကလည်း ပြန်တိုက်ခိုက်တာတွေမလုပ်ပါနဲ့ တိုင်းရင်းသားတွေက မြန်မာဝေါဟာရမကျွမ်းဘူး၊ ပိုဆိုးသွားလိမ့်မယ်။ အခုလို တစ်ခုမခံ ပြန်ပြောနေတာကိုက သမီးမခိုင်သေးတာ နုနေတာ၊ ထိသွားတာ ပေါ်နေတယ်၊ ခုပဲကြည့်ဘုရားက လှုပ်ရှားပါလိမ့်မယ်ဆိုတဲ့စကား၊ အဲဒါသမီးတို့ အထွဋ်အမြတ်စကား၊ ဒါပေမယ့် တဖက်မှာက ရယ်စရာဖြစ်ရော၊ ဘာသာမတူလို့လေ၊...

ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၁သန်းကျော်သွားပြီဖြစ်တဲ့ ချမ်းမြေ့မောင်ချိုရဲ့ သီချင်းသစ်လေး

မြန်မာအိုင်ဒေါလ် Season 3 Top Finalist ဝင်တစ်ဦးဖြစ်တဲ့ ချမ်းမြေ့မောင်ချို ရဲ့ သီချင်းသစ်လေး Loser က စတင်လိုက်ပြီးချိန်ကနေ ၆ ရက်အတွင်း ဝင်ရောက်ကြည့်ရှုသူဦးရေ ၁သန်းကျော်သွားပြီလို့ သိရပါတယ်။ ဒီသီချင်းလေးကို သူမကိုယ်တိုင်တင်ခဲ့တာမဟုတ်ပဲ အခြားသူတစ်ဦးက တင်ခဲ့တာဖြစ်ပြီး သီချင်းကိုကြည့်ရှုသူ စံချိန်တင်လောက်အောင် များပြားခဲ့တာပဲ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုဟာ သူမရဲ့ သီချင်းအယ်လ်ဘမ်သစ်လေးဖြစ်တဲ့ Eleven ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိတ်ဆက်ဖြန့်ချိခဲ့တာဖြစ်ပြီး ဒီအယ်လ်ဘမ်ထဲက Loser ဆိုတဲ့ သီချင်းအေးအေးလေးကိုတော့ အဆိုတော်ဟဲလေးက ရေးသားပေးခဲ့တာပါ။ ချမ်းမြေ့မောင်ချိုဟာ မြန်မာအိုင်ဒေါလ် Season 3 မှာ Winner ဖြစ်သွားတဲ့ ဖြိုးမြတ်အောင်နဲ့ အပြိုင်နာမည်ကြီးခဲ့သူဖြစ်ပြီး သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဖိုင်နယ်မှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူမအတွက် အိပ်မက်ဖြစ်တဲ့ သီချင်းခွေလေးကိုတော့ အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပြီး အခုသူမရဲ့...

သားလေးသိဒ္ဓိစစ်အားပေးတဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်ကို ပြောပြလာတဲ့ မယ်လိုဒီ

မေမေမယ်လိုဒီကတော့ သားလေး သိဒ္ဓိစစ်တစ်ယောက် မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကို အားပေးကြောင်းနဲ့ သူအားပေးတဲ့ ပြိုင်ပွဲဝင်လေးရဲ့အကြောင်းကို ပြောပြလာတာ တွေ့ရပါတယ်။ မယ်လိုဒီက သူမကိုယ်တိုင်တောင် မြန်မာအိုင်ဒေါလ်ကိုပုံမှန်မကြည့်ဖြစ်ပေမယ့် သားသားက အမြဲကြည့်ကြောင်း၊ သားသားအရမ်းကြိုက်တဲ့ ပြိုင်ပွဲဝင်က အက်စတာဖြစ်ကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ အက်စတာကို ဘယ်လို Vote ပေးရမလဲ မေမေလို့ မေးဖူးကြောင်းလည်း မယ်လိုဒီက ဆိုပါတယ်။ မယ်လိုဒီအားပေးတဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်တွေက အက်စတာနဲ့ အေးမြဖြူဖြစ်ပြီး သူမသားလေးကတော့ အက်စတာနဲ့ မူးလာကို ကြိုက်ကြောင်း မယ်လိုဒီက ပြောပါတယ်။ သိဒ္ဓိစစ်လေးက အက်စတာနဲ့ မူးလာရဲ့ Voting နံပါတ်တွေကိုတောင်သိနေတာပါတဲ့နော်။ ပြီးတော့ သူက ငယ်ငယ်တည်းက ဝိုင်းစုခိုင်သိန်း သီချင်းတွေနဲ့ အိပ်လေ့ရှိတာဖြစ်ပြီး ကျော်ထက်အောင်၊ နီနီခင်ဇော် ဝိုင်းစုခိုင်သိန်း နဲ့ ခင်စုစုနိုင် တို့ကိုကြိုက်နှစ်သက် အားပေးသူလေးဖြစ်တယ်လို့လည်း သိရပါတယ်။ ကဲ မေမေ့လိုပဲ အနုပညာပိုးအပြည့်အဝပါတဲ့ သားလေး...

ကိုလူချောအဖွဲ့သားတွေကို လိုအပ်နေတဲ့ပစ္စည်းလေးတွေ ပေးလှူခဲ့ကြတဲ့ နေတိုးနဲ့ သက်မွန်မြင့်

သရုပ်ဆောင်နေတိုးနဲ့ သက်မွန်မြင့် အပါအဝင် ချည်အဖွဲ့သားတွေ စုစည်းပြီး ကိုလူချောအဖွဲ့သားတွေအတွက် နှစ်တစ်နှစ်ကူးပြေင်းခါနီး မွန်မြတ်တဲ့ အလှူဒါနလေးပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်။ အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးစီးပြီး ချည်ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ခဲ့ကြသော နေတိုး၊ သက်မွန်မြင့်၊ ရွှေသမီး အစရှိတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ပို့ဇာတ်ရံတွေအားလုံးရဲ့ စုပေါင်းအလှူလေးအနေနဲ့ လှူဒါန်းခဲ့တာလို့ သိရပါတယ်။ ကိုလူချောအဖွဲ့ဝင်များအတွက် ဆန်၊ ဆီ နဲ့ ငွေအလှူလေးလှူဒါန်းခဲ့ကြတာဖြစ်ပြီး နှစ်တစ်နှစ်မကူးခင်အချိန်လေးမှာ ကုသိုလ်ယူခဲ့ကြတဲ့ မွန်မြတ်လှတဲ့ အလှူလေးကို နေတိုးက ပရိသတ်တွေအတွက် မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ချည်ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး ၊ သက်မွန်မြင့် ၊ ရွှေသမီး တို့ပါဝင်သရုပ်ဆောင်ထားကြပြီး အိမ်ထောင်ရေး နဲ့ အချစ်ဇာတ်ကားလေးတစ်ကားအနေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မူရာလေး သက်မွန်မြင့်နဲ့ နေတိုးတို့ရဲ့ အလှူပုံရိပ်လေးတွေကို ဆယ်လီစတားပရိသတ်ကြီး မုဒိတာပွားနိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ Writer – YLLT(Cele...

မြန်မာပလာဇာမှာမုန့်စားနေတုန်း သူမကြုံလိုက်ရတဲ့ စိတ်မကောင်းစရာအဖြစ်အပျက်ကို ရင်ဖွင့်လာတဲ့ချမ်းချမ်း

အဆိုတော်ချမ်းချမ်းကတော့ သူမမြန်မာပလာဇာမုန့်ဈေးတန်းမှာ မုန့်စားနေတုန်း စိတ်မကောင်းစရာ ဖြစ်ရပ်လေးနဲ့ ကြုံတွေ့ခဲ့ရတဲ့အကြောင်းကို ရင်ဖွင့်ပြောပြလာပါတယ်။ ချမ်းချမ်းက ကိုယ့်​ကိုယ်​ကိုအချိန်​မ​ပေးပဲသူတပါးဘဝ..အ​ကြောင်း..အတင်း​ပြော​နေတာဟာ..လူဖြစ်​ရကျိုးမနပ်​တဲ့အပြင်​မ​ကောင်းတဲ့စိတ်​​မ​ကောင်းတာ​တေပဲဆက်​တိုက်​ဖြစ်​​နေပါလိမ့်​မယ်​…လို့ ပြောပြလာတာဖြစ်ပါတယ်။ ချမ်းချမ်းက နှစ်သစ်ကူးအတွေ့အကြုံလေးအနေနဲ့ သူမရဲ့ ဖေ့ဘုတ်မှာ ” ကျမတို့ myanmar plaza သွားကြတယ်​..ညစာစားကြတယ်​..သမီး​လေးကကစားကွင်းမှာကစားကြတယ်​..ပြီး​တော့ဆံပင်​ညှပ်​တယ်​…ကျမ မုန့်​​ဈေးတန်းမှာမုန့်​စား​​နေတုန်း ကိုယ့်​ကိုလှမ်းကြည့်​တဲ့သူ​တွေရဲ့အကြည့်​​တေထဲမှာ ၂၅ရာခိုင်​နှုန်းသာ လှိုက်​လှိုက်​လှဲလှဲရှိကြပြီး ၇၅ရာခိုင်​နှူန်းဟာ အတင်းအဖျင်းလှမ်း​ပြော​နေကြရင်းအချိန်​ကုန်​သွားကြတယ်​..ကျမက​တော့ပြုံး​နေဆဲပါပဲ..ဒါဟာအနုပညာရှင်​တ​ယောက်​မို့ပြုံးပြတာမဟုတ်​ဘူး..ကျမစိတ်​ထဲမှာလူအားလုးံကိုတန်းတူ ဆက်​ဆံချင်​တာပဲသိတယ်​..ကိုယ့်​ကိုမပြုးံပြလို့လဲမမုန်းပါဘူး…ဒါ​ပေမဲ့ တဖက်​သားက ပြုးံပြတာ​တောင်​..ပြန်​မပြုးံပြနိုင်​ဘူးဆိုကတည်းက တဖက်​လူဟာဘယ်​​လောက်​သနားစရာ​ကောင်းသလဲ..သူဘက်​ကလဲ စပြီး​ခြေဆုးံ​ခေါင်းဆုံးကြည့်​တယ်​…ပြီး​တော့လဲ မလိုတဲ့ပုံစံနဲ့ကြည့်​တယ်​ဆို​တော့..ဒါဟာ..သူနိုင်​သွားတာမဟုတ်​ဘူး..သူဟာ…သနားစရာ​ကောင်းတာ..သူတပါးကို မနာလိုမုန်းတီးတဲ့စိတ်​နဲ့သူ့အချိန်​တချို့ကိုကုန်​ဆုးံ​စေတာ သနားစရာပဲ” လို့ရင်ဖွင့်ထားတာဖြစ်ပါတယ်။ “နှစ်​တနှစ်​ကုန်​​တော့မယ်​..ပြန်​စဉ်းစားကြရ​အောင်​..​ကောင်းတာ​တွေဘယ်​နှခုဖြစ်​ခဲ့လဲ..လူတိုင်း​နောင်​တ..အမှားနဲ့မကင်းကြပါဘူး..ဒါ​ပေမဲ့သိသိရက်​နဲ့ဆက်​မှား​နေရင်​​တော့အမှန်​ကို​ရောက်​ဖို့သိဖို့ခက်​ခဲလိမ့်​မယ်​..ဒီ​နေ့ဒီအချိန်​ကစလို့ကိုယ့်​အ​ကြောင်းကိုယ်​စဉ်းစားပါ..စိတ်​ဝင်​စားပါ..ကိုယ့်​ကိုယ်​ကိုအချိန်​မ​ပေးပဲသူတပါးဘဝ..အ​ကြောင်း..အတင်း​ပြော​နေတာဟာ..လူဖြစ်​ရကျိုးမနပ်​တဲ့အပြင်​မ​ကောင်းတဲ့စိတ်​​မ​ကောင်းတာ​တေပဲဆက်​တိုက်​ဖြစ်​​နေပါလိမ့်​မယ်​.မိတ်​​ဆွေ နှစ်​လဲကုန်​ပြီ..စိတ်​​ကောင်း​စေတနာ​မွေးပါ..လူတိုင်းအခက်​အခဲ ..နာကျင်​မှု ကျရှုံးမှု​တွေရှိတယ်​ လဲကျရင်​ပြန်​ထပါ..ပြန်​ထလာသူကိုချီးမွမ်းပါ..ကြိုဆိုပါ..​နောင်​တချိန်​မှာသင်​လဲကျတဲ့အခါသင့်​ကို​နွေး​ထွေးစွာပြန်​ကြိုဆိုကြပါလိမ့်​မယ်​..သူတပါးလဲကျတာကိုမရီပါနဲ့..သင်​လဲတချိန်​ဒီ​နေရာမျိုးမ​ရောက်​လာဘူးလို့မ​ပြောနိုင်​ဘူး…မိတ်​​ဆွေအားလုးံစိတ်​နှလုးံ​အေးချမ်းနိုင်​ကြပါ​စေ..​လောဘ​တေကင်းကြပါ​စေ…မနာလိုကင်းကြပါ​စေ…နှစ်​သစ်​အတွက်​​စေတနာအပြည့်​ဖြင့်​​မေတ္တာပို့လိုက်​ပါတယ်​” လို့လည်း ချမ်းချမ်းက ပြောထားတာ တွေ့ရပါတယ်။ အဆိုတော်ချမ်းချမ်းဟာ လက်ရှိအချိန်မှာ ခင်ပွန်းဟောင်းဖြစ်သူ ဘုဏ်းသိုက်နဲ့ လမ်းခွဲထားသူဖြစ်ပြီး လက်တွဲဖော်အသစ် ရရှိနေပြီလို့ ထုတ်ဖော်ပြောကြားထားတာ တွေ့ရပါတယ်။ ချမ်းချမ်းအနေနဲ့ လက်ရှိအချိန်မှာ သမီးလေးဖြစ်သူ မြမိုးဂင်္ဂါနဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး အောင်မြင်တဲ့...

Myanmar Idol Season 4 အဖွဲ့သားတွေရဲ့ ညစာစားပွဲရောက်ရှိနေတဲ့ တန်ခွန်ကျော်

မြန်မာအိုင်ဒေါလ် Season 4 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်တဲ့ တန်ခွန်ကျော်ကတော့  Myanmar Idol Season 4 အဖွဲ့သားတွေရဲ့ ညစာစားပွဲကိုရောက်ရှိနေပါတယ်တဲ့။ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကြီးမှာ တန်ခွန်ကျော်အနေနဲ့ Top 11 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး သူပြုတ်သွားချိန်မှာတော့ တန်ခွန်ကျော်ရဲ့ ဖန်တွေနဲ့ ပရိသတ်တွေက တော်တော်လေးကို စိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ တန်ခွန်ကျော်တစ်ယောက် Channel 9 Wild Card နဲ့ တဖန်ပြန်လည် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြန်ပါတယ်။ ဒီနေရာမှာ ကံမကောင်းစွာနဲ့ပဲ တန်ခွန်ကျော်တစ်ယောက် Wild card ကို အကျိုးရှိအောင် အသုံးမချနိုင်ခဲ့ပဲ ရွေးချယ်ခံရတဲ့အပတ်မှာပဲ မူးလာနဲ့အတူ ပြုတ်ခဲ့ရတာဖြစ်ပါတယ်။ မူးလာနဲ့ တန်ခွန်ကျော်ပြုတ်ပြီးတဲ့နောက်မှာတော့ အေးမြဖြူ၊ ဘင်ဂျမင်ဆုမ်းနဲ့ အက်စတာတို့ Top 3 သာကျန်ရှိခဲ့တာဖြစ်ပြီး သူတို့ထဲက အက်စတာဒေါ့သ်ချင်းဆုန်ရ်က Myanmar Idol Season 4...

နိုင်ငံခြားမှာရိုက်ထားတဲ့အလား ထင်မှတ်မှားရတဲ့ အလှပုံလေးတွေကို ထုတ်ပြလိုက်တဲ့ မေကဗျာ

သရုပ်ဆောင်မေကဗျာက သူမအတွက် ကိုယ်ပိုင် ပါစင်နယ်ဓါတ်ပုံဆရာရိုက်ပေးထားတဲ့ ပုံလေးတွေပါဆိုပြီး အလှပုံလေးတွေ တင်လိုက်ပြန်ပါတယ်။ ဒီပုံလေးတွေထဲက ရှုခင်းလေးတွေက ပြည်တွင်းမှာ ရိုက်ထားတယ်လို့ မထင်ရပဲ နိုင်ငံခြားမှာရိုက်ထားတယ်လို့ ထင်မှတ်ရတာပါ။ တကယ်တမ်းကတော့ မေကဗျာရဲ့ပုံလေးတွေက မေမြို့မှာ ရိုက်ကူးထားတာဖြစ်ပြီး သူမရဲ့ ချစ်ခင်ပွန်းကိုယ်တိုင် ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်။ မေကဗျာက သူမရဲ့ ဖေ့ဘုတ်မှာ ” တကယ်တော့ ဒီပုံလေးတွေကို ဂျာမဏီမှာ သွားရိုက်ချင်တာပါ၊ ခုတော့ မေမြို့မှာပဲ ကိုယ်ပိုင်ကင်မရာမန်းလေးနဲ့ ရိုက်လိုက်တယ်၊ Location သစ်တွေလည်း ရှာတွေ့ထားတယ်” လို့ ပြောလိုက်တာပါ။ တကယ်လည်း သူမကို သူမခင်ပွန်းရိုက်ပေးထားတဲ့ ပုံလေးတွေက တကယ့်ကို လှပလွန်းနေတာဖြစ်ပြီး တကယ့် ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာက ရိုက်ပေးထားသလိုတောင် ထင်မှတ်ရတဲ့ ရိုက်ကူးမှုလေးပဲ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးရော ပုံလှလှလေးထွက်ချင်ရင် ကိုယ်အားမနာတမ်းရိုက်ပေးခိုင်းရမယ့် ကိုယ်ပိုင် ဓါတ်ပုံဆရာလေးတစ်ယောက်တော့ လိုမယ်နော်။ Writer...

သူမရဲ့ မိသားစုအခြေအနေနဲ့ပတ်သက်ပြီး လိမ်လည်ထားတယ်ဆိုတဲ့ဝေဖန်မှုအပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်ရ်

မြန်မာအိုင်ဒေါလ် Season 4 မှာ Winner ဖြစ်သွားခဲ့တဲ့ ချင်းမလေး အက်စတာကတော့ လက်ရှိအချိန်မှာ တိုက်ခိုက်မှုမျိုးစုံ ၊ ဝေဖန်မှုမျိုးစုံ ခံနေရတာဖြစ်ပါတယ်။ အက်စတာဒေါ့သ်ချင်းဆုန်ရ်အနေနဲ့ အမေလေဖြန်းတယ်ဆိုတဲ့ကိစ္စ၊ ဆင်းရဲပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လိမ်ညာထားတယ် ပရိသတ်မျက်ရည်ချူတယ်၊ Voting ကို လိမ်ယူတယ် စသဖြင့် အမျိုးစုံ ဝေဖန်ပြောဆိုခံနေရတာပါ။ အက်စတာကို ဝေဖန်လာခဲ့သူတွေနဲ့ သတင်းတွေကို ဖန်တချို့ကလည်း အက်စတာဘက်ကနေ ပါဝင်ပြောဆိုနေခဲ့ကြပြီး အချင်းချင်း အပြန်အလှန် တင်းမာလာခဲ့ကြတာဖြစ်ပါတယ်။ အခုအက်စတာက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းလိုက်ပြီပဲဖြစ်ပါတယ်။ အက်စတာက သူမရဲ့ ဖေ့ဘုတ်မှာ ” အော် သမီးက 2017 Chin Idol မှာ winner ဆုရခဲ့တယ် အဲကနေတစ်ဆင့် winner ရတဲ့သူကို နိုင်ငံခြားမှာနေတဲ့ချင်းအဖွဲ့အစည်းကနေပီးတော့တစ်ဆင့် Gospel concert လုပ်ဖို့ခေါ်တယ် ( သမီးတို့ချင်းလူမျိုးက...

ဖူးခက်ခရီးစဉ်မှာ ဖေဖေမေမေတို့နဲ့အပြိုင် စကားတွေပြောရင်းပျော်ရွှင်နေတဲ့ ဂျူနီယာမြင့်မြတ်လေး

သရုပ်ဆောင်မြင့်မြတ်ကတော့ အလုပ်အားရက်လေးမှာ ဇနီး၊ သားလေးတို့နဲ့အတူ ထိုင်းနိုင်ငံဘန်ကောက်နဲ့ ဖူးခက်မှာရှိတဲ့ ကမ်းခြေတွေကို လည်လည်ထွက်နေကြပါတယ်။ သရုပ်ဆောင်မြင့်မြတ်ဟာ အလုပ်များတဲ့ကြားက မိသားစုကိုရအောင်အချိန်ပေးလေ့ရှိသူဖြစ်ပြီး မကြာခဏ မိသားစုနဲ့ ခရီးအတူထွက်လေ့ရှိသူလည်း ဖြစ်ပါတယ်။ ဂျူနီယာမြင့်မြတ်လေးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ သားသားလေး မြတ်သူကလည်း ကြီးလာပြီဆိုတော့ ခရီးတွေမှာ သားသားလည်း အတူပါလာပြီပေါ့နော်။ အခုခရီးစဉ်မှာဆိုရင် သားသားလေးက ရေမကြောက်တဲ့အပြင် စကားတွေတောင် အပြန်အလှန်ပြောတတ်လာနေတာကို တွေ့ရမှာပါ။     အခုလည်း မြင့်မြတ်တစ်ယောက် ပုပ္ပားမှာ ပုဂံမျှော်ရုပ်ရှင်ကားကြီးရိုက်ကူးနေရင်း အားလပ်ချိန်လေးမှာ မိသားစုနဲ့အတူ ထိုင်းနိုင်ငံအလည်အပတ်ခရီးလေးထွက်နေတာဖြစ်ပါတယ်။ သရုပ်ဆောင်မြင့်မြတ်ဟာ လတ်တလောမှာ ဖြတ်စနဲ့ ပုဂံမျှော်ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေတာဖြစ်ပြီး ဇနီးဖြစ်သူနဲ့ သားသားလေးတို့ကလည်း သူ့ရဲ့ ရိုက်ကွင်းတော်တော်များများကို လိုက်ပါလေ့ရှိတာတွေ့ရပါတယ်။ လာမယ့် ဇန်နဝါရီ ၉ ရက်နေ့ကျရင်လည်း မြင့်မြတ်၊ ရွှေမှုန်ရတီ၊ ခင်ဝင့်ဝါတို့ပါဝင်ထားတဲ့ မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ကဲ...

ပြင်ဦးလွင်မှာဖေဖေမေမေတို့နဲ့အတူ ပျော်မဆုံးဖြစ်နေတဲ့ ပိုးအိအိခန့်ရဲ့ သားလေးကိုကိုး

သရုပ်ဆောင်ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်သူတို့ မိသားစုကတော့ သားလေး ခရီးထွက်လို့ရတဲ့အချိန်ကစပြီး ခရီးတွေ မနားတမ်းထွက်လာခဲ့တာဖြစ်ပြီး အခုလည်း သူတို့မိသားစုလေးက ပြင်ဦးလွင်မှာ သားသားကိုကိုးနဲ့အတူတူ ပျော်မဆုံးလည်မဆုံးဖြစ်နေပြန်ပါတယ်။ ပိုးအိအိခန့်က သူမရဲ့ ဖေ့ဘုတ်မှာ ပြင်ဦးလွင်အမှတ်တရဆိုပြီး မိသားစုပုံလေးတွေကို တင်ခဲ့တာဖြစ်ပြီး မိသားစုပုံလေးတွေက အရမ်းကို အသက်ဝင်လွန်းနေတာဖြစ်ပါတယ်။ သားသားလေး ကိုကိုးကလည်း အခုဆိုရင် အသက် ၅လကျော်ခဲ့ပြီဖြစ်ပြီး သူလေးက ကင်မရာကိုလည်း ကောင်းကောင်းကြည့်တတ် ရယ်ပြတတ်နေပါပြီနော်။ ဆယ်လီစတားပရိသတ်ကြီးအတွက် အမေတူသားချောလေး ကိုကိုးခေါ် သွင်ဦးဟန်လေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ Writer – YLLT(Cele Star)