Monthly Archive: November, 2019

မနက်ဖြန်ကလေးမွေးမယ့်သူငယ်ချင်းဆီမှာ မုန့်တွေအားရပါးရသွားစားပြနေတဲ့ ဖွေးစိန်လေး

ဖွေးစိန်လေးက သူမရဲ့ အခင်ဆုံးသူငယ်ချင်းထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မာရင်ရင် မနက်ဖြန် ကလေးမွေးတော့မှာမို့ ဆေးရုံသွားစောင့်ရင်း မုန့်တွေ အားရပါးရ စားပြနေပါတယ်တဲ့။ ဖွေးစိန်လေးနဲ့ မာရင်ရင်တို့ဟာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး မွေးလာမယ့် ကလေးလေးကိုလည်း ဖွေးစိန်လေးတစ်ယောက် အရမ်းကို မျှော်လင့်ရင်ခုန်နေတာပါ။ ဖွေးဖွေးက သူမရဲ့ ဖေ့ဘုတ်မှာ ” အချစ်ရဆုံး မီးပုံးပျံနှင့် တ​စ်ထောင့်တစ်ည…နက်ဖန်​မွေး​တော့မယ် တဲ့​တော့!!! ရင်​တွေခုန်လှပါဘိ!” လို့ ရေးထားပြီး မာရင်ရင်ကတော့ ဖွေးစိန်လေးကို အစ်မကြီးနော် ကလေးလာထိန်းမှာလား မုန့်လာစားမှာလားလို့ မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။ ဖွေးစိန်လေးကလေးချစ်တတ်ပုံနဲ့တော့ ဒီကလေးလေးနဲ့ ဖွေးစိန်လေးကို မကြာခဏ တွဲပြီးတွေ့ရဖို့တော့ များနေပါပြီနော်။ ဖွေးစိန်လေးရဲ့ သူငယ်ချင်း မာရင်ရင်ဟာ မနုဿရဲ့ စာမျက်နှာလေးများ နာမည်နဲ့ စာတွေရေးပြီး ဖေ့ဘုတ်မှာ လူသိများသူတစ်ဦးလည်း ဖြစ်ပါတယ်။ Writer – YLLT(Cele Star)

စာပေဘာသာစုံထူးချွန်ဆုရရှိခဲ့တဲ့ မီးမီးခဲရဲ့ သမီးလေး ဘားဘီ

အဆိုတော်မီးမီးခဲရဲ့ သမီးကြီး ဘားဘီဟာဆိုရင် ၁၀ နှစ်ဆိုတဲ့ အသက်နဲ့မလိုက်အောင် လူကောင်ထွားသူလေးဖြစ်သလို စာပေအရာမှာလည်း လွန်စွာထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ အခုလည်း သူမက သူမတက်ရောက်နေတဲ့ Grade 3 အခန်း A မှာ အားလုံးကိုဖြတ်ကျော်ပြီး စာပေဘာသာစုံထူးချွန်ဆု ဆွတ်ခူးသွားပြန်ပါပြီ။ မေမေမီးမီးခဲကတော့ စာတော်ပြီး အသက်နဲ့မလိုက်အောင် လူကြီးလေးဖြစ်နေတဲ့ သမီးလေး ဘားဘီအတွက် ဂုဏ်ယူမဆုံးဖြစ်နေတာ တွေ့ရပါတယ်။ ဘားဘီလေးဟာ အခုမှ အသက် ၁၀ နှစ် ၃တန်းပဲ ရှိသေးတာဖြစ်ပေမယ့် လူကောင်ကတော့ အမေထက်တောင် အရပ်ရှည်နေပြီး အတန်းထဲကရွယ်တူတွေထက် ခေါင်း ၂ လုံးစာလောက်ကို မြင့်နေတာ ဖြစ်ပါတယ်။ အဆိုတော်မီးမီးခဲဟာ သြစတြေးလျနိုင်ငံမှာ အခြေချနေထိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို အလည်ပြန်ရောက်နေချိန်မှာ သမီးကြီးဖြစ်သူ ဘားဘီကို အချိန်ပေးနေတာဖြစ်ပါတယ်။ မီးမီးခဲရဲ့ သမီးကြီးဟာ အရင်အိမ်ထောင်ဟောင်းဖြစ်တဲ့ အဆိုတော်ထူးအယ်လင်းနဲ့ ရရှိခဲ့တာဖြစ်ပြီး နောက်အိမ်ထောင်နဲ့တော့ သမီးလေးတစ်ယောက် သားလေးတစ်ယောက်...

တိမ်ပင်လယ်ကြီးဆီကို မိသားစုနဲ့အတူ ခရီးထွက်နေတဲ့ အိန္ဒြာကျော်ဇင်

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ အလုပ်တွေဆက်တိုက်လုပ် ကားရိုက်တွေ ဆက်တိုက်ရိုက်ခဲ့လို့ မကြာသေးခင်ကပဲ သူမကားတွေရုံပြိုင်တန်းစီတင်ခဲ့ရတဲ့အထိ အောင်မြင်ခဲ့သူတစ်ဦးပါ။ အခုတော့ သူမက မိသားစုကိုအချိန်ပေးပြီး မိသားစုနဲ့အတူ တိမ်ပင်လယ်ကြီးရှိရာဆီ ခရီးထွက်နေပါတယ်။ ပရိသတ်က အူဝဲလို့ ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင်ဟာ တောင်ငူသံတောင်ကြီးကို ရောက်ရှိလည်ပတ်နေတာဖြစ်ပြီး သူမတို့တည်းခိုနေတဲ့ ဟိုတယ်ကနေ လှမ်းမြင်နေရတဲ့ တိမ်ပင်လယ်ကြီးကို ပရိသတ်ဆီကို Live လွှင့်ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ အူဝဲ live လွှင့်နေတုန်း စိတ်မရှည်တဲ့ ပြေဓီရလေးကလည်း အမေကို နောက်တစ်နေရာထပ်သွားဖို့ အတင်းကို ဆွဲနေသေးတာပါ၊ ပြီးတော့ သူက Chicken ဘယ်မှာလဲလို့လည်း အမေကို မေးလိုက်ပါသေးတယ်။ အူဝဲတို့မိသားစုဟာ မနက် လေးနာရီလောက် နော်ဘူဘောတောင်ပေါ်ကို တက်ခဲ့ကြပြီးဖြစ်တယ်လို့ သိရပြီး ချွေးထွက်နေတဲ့ ပကတိအလှတရားနဲ့ အူဝဲကတော့ အပြစ်ပြောစရာမရှိလောက်အောင်ကို လှနေခဲ့တာပါ။ အူဝဲကတော့ အလုပ်နဲ့ မိသားစုကို မျှတအောင်အချိန်ပေးတတ်သူ တစ်ဦးပါပဲ။ တိမ်ပင်လယ်ကြီးဆီကနေ သူမ...

Bottom ထိုင်ခဲ့ရပေမယ့် ကံကောင်းထောက်မစွာ Saved ဖြစ်ခဲ့ပြန်တဲ့ အေးမြဖြူ

Myanmar Idol Season 4 ရဲ့ စိုးလွင်လွင်သီချင်းများ အပတ်မှာ အေးမြဖြူ၊ မူးလာ နဲ့ ထက်အဉ္ဇလီတို့ Bottom ထိုင်ခဲ့ကြရတာဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ပဲ အေးမြဖြူနဲ့ မူးလာတို့ ၂ဦးကတော့ Saved ဖြစ်သွားခဲ့ပြန်ပါတယ်။ ထက်အဉ္ဇလီကတော့ ဒီအပတ်ရဲ့ Voting ရလဒ်အနည်းဆုံးသူအဖြစ်နဲ့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရတာပဲ ဖြစ်ပါတယ်။ အေးမြဖြူဟာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း အက်စတာ၊ တန်ခွန်ကျော်တို့နဲ့အတူ Bottom ထိုင်ခဲ့ရသေးတာဖြစ်ပြီး တန်ခွန်ကျော်က Vote အနည်းဆုံးအဖြစ် ထွက်ခွာသွားခဲ့ရတာပါ။ အခုတစ်ပတ်မှာလည်း အေးမြဖြူတစ်ယောက် ပွတ်ကာသီကာနဲ့ပဲ Bottom 3 ထိုင်ရတာကနေ Saved ဖြစ်ခဲ့ပြန်တာပါ။ ထွက်ခွာသွားရတဲ့ ထက်အဉ္ဇလီအတွက် စိတ်မကောင်းပေမယ့် Wild card နဲ့တော့ ပြန်လာနိုင်သေးတာဖြစ်တဲ့အတွက် အားတင်းထားပါလို့ပဲ ပြောရမှာပါ။ မြန်မာအိုင်ဒေါလ်ရဲ့ ထုံးစံအရ ထွက်ခွာသွားပြီးတဲ့ ပြိုင်ပွဲဝင်တွေထဲကနေ ပရိသတ်ရဲ့ Wild...

မထင်မှတ်ထားပဲ ဒုတိယအကြိမ် Bottom ထိုင်လိုက်ရပြန်ပြီဖြစ်တဲ့ အေးမြဖြူ

Myanmar Idol Season 4 မှာ ဒုတိယအကြိမ် Bottom ထိုင်လိုက်ရပြန်တာကတော့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အေးမြဖြူပဲ ဖြစ်ပါတယ်။ အေးမြဖြူဟာ Fan အရမ်းများတဲ့သူတစ်ဦးဖြစ်ပြီး ပြိုင်ပွဲဝင်အားလုံးထဲမှာ အသက်အငယ်ဆုံးနဲ့ အသံအကောင်းဆုံး အဆိုပညာအပိုင်ဆုံးရယ်လို့ နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။ Myanmar Idol Season 4 ရဲ့ အရင်တစ်ပတ်က Bottom 3 မှာ အေးမြဖြူ၊ အက်စတာနဲ့ တန်ခွန်ကျော်တို့ ထိုင်ခဲ့ကြရတာဖြစ်ပြီး တန်ခွန်ကျော်က မဲအနည်းဆုံးအဖြစ် ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာလည်း အေးမြဖြူလေးကထပ်ပြီး Bottom ထိုင်လိုက်ရပြန်ပါပြီနော်။ အစက ယောကီးက သူ့ကိုယ်သူ Bottom ထိုင်ရမယ်ထင်ပြီး ကျော်ထက်အောင်ဘာမှမပြောရသေးခင် Bottom ထိုင်ခုံဆီ ပြေးထိုင်ခဲ့သေးတာပါ။ ဒါပေမယ့် ကျော်ထက်အောင်က ယောကီးကို သူဘာမှမပြောရသေးဘူးလေဆိုပြီး Saved ဖြစ်ကြောင်း ပြောလိုက်ချိန်မှာတော့ ယောကီးတစ်ယောက်...

ပရိသတ်တွေခန့်မှန်းမှုနဲ့ တစ်ထပ်တည်းကျခဲ့တဲ့ ဇီးကွက်လေး ဟန်သီ

The Mask Singer Myanmar မှာ ဇီးကွက်လေးအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဟန်သီလေးကတော့ ပရိသတ်ကြီးခန့်မှန်းမှုတွေနဲ့ တထပ်တည်းကျပြီး ပြိုင်ပွဲကနေ ဒုတိယမြောက်ထွက်ခဲ့ရသူတစ်ဦး ဖြစ်ခဲ့ပြန်ပါပြီ။ ဟန်သီလေးက Group B ရဲ့ ဇီးကွက်လေးနေရာကနေ ပါဝင်ခဲ့ရတာဖြစ်ပြီး သူမကို ခန့်မှန်းခဲ့ကြတဲ့ ဆယ်လီစုံထောက်တွေထဲမှာ ရတနာမိုင်လေးက မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ Group B က ဇီးကွက်လေးကို ပရိသတ်တွေက အစတည်းက ဟန်သီမှန်းသိရှိ ခန့်မှန်းနိုင်ခဲ့ကြတာဖြစ်ပြီး သူမနဲ့အတူပါဝင်တဲ့ သီးမွှေးနဲ့ ဇော်ဂျီတို့ကတော့ နောက်တဆင့်ကို တက်လှမ်းသွားခဲ့ကြတာပါ။ ပရိသတ်တွေ ခန့်မှန်းမှုအရကတော့ သီးမွှေးကို ပိုပိုဟေသာလို့ ဆိုကြပြီး ဇော်ဂျီကတော့ ဝေကြီးဒါမှမဟုတ် ဟန်ထူးဈာန်ပါတဲ့။ The Mask Singer Myanmar အစီအစဉ်ရဲ့ ထုံးစံအရ တစ်ပတ်ကို တစ်ယောက်ထွက်ရတာဖြစ်ပြီး အရင်အပတ်က Group A မှာ ကျားကြီးအဖြစ်ပါဝင်ယှဉ်ပြိုင်တဲ့...

ဒုတိယရင်သွေးဖြစ်တဲ့ သမီးချောလေးကို မွေးဖွားလိုက်ပြီဖြစ်တဲ့ သင်ဇာနွယ်ဝင်း

သရုပ်ဆောင်သင်ဇာနွယ်ဝင်းတစ်ယောက်ကတော့ ဒုတိယမြောက် ရင်သွေးရတနာဖြစ်တဲ့ သမီးချောလေးကို မွေးဖွားလိုက်ပြီပဲ ဖြစ်ပါတယ်။ သင်ဇာနွယ်ဝင်းက သူမရဲ့ ဖေ့ဘုတ်မှာ ” ဒီနေ့သမီးလေးကို အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ မွေးဖွားပြီးပါပြီ ၊ သဉ္ဇာ့ရဲ့ OG ဒေါ်မြတ်မြတ်ဝါနဲ့ ကလေးအထူးကု ဒေါ်မြမြအုန်း ၊ victoria hospital နှင့် အမှတ်တရဓါတ်ပုံ မှတ်တမ်းတင်ပေးပါသော MY DREAM One Stop Wedding Service တို့ကိုကျေးဇူးအထူးတင်ပါတယ်” လို့ ပြောထားတာ ဖြစ်ပါတယ်။ သင်ဇာနွယ်ဝင်းနဲ့ ခင်ပွန်းဖြစ်သူ စတီဗင်လှတို့ဟာ သားလေး Peach ကို မွေးဖွားခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ သမီးလေးကို ထပ်ပြီး ကိုယ်ဝန်ရယူခဲ့တာပဲ ဖြစ်ပါတယ်။ သမီးလေးလိုချင်နေတဲ့ သင်ဇာနွယ်ဝင်းရဲ့ ဆန္ဒတွေကတော့ ဒီနေ့မှာ ပြည့်ဝခဲ့ပြီပဲ ဖြစ်ပါတယ်။ သင်ဇာနဲ့တူတဲ့ သမီးချောလေးလည်း အမေလိုပဲ မင်းသမီးလေးဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ကြရအောင်ပါနော်။ Writer –...

မြန်မာအိုင်ဒေါလ်မှာ vote ဖို့ မိုက်ကြေးခွဲပြီး မုန့်ဖိုးတောင်းခဲ့တယ်ဆိုတဲ့ ဆယ်လီ ဘီဘီလေး

ဆယ်လီခွေးကလေး ဘီဘီကတော့ မြန်မာအိုင်ဒေါလ်မှာ Vote ဖို့ ဖေဖေ့ဆီက မုန့်ဖိုးကို မိုက်ကြေးခွဲပြီး တောင်းခဲ့ပါတယ်တဲ့နော်။ သူလေးက မုန့်ဖိုးတောင်းပြီးလို့ရသွားတဲ့ရုပ်ဆိုပြီး ငွေပုံပေါ်မှာ အိုက်တင်အပြည့်နဲ့ ထိုင်နေပုံကို ဖေဖေဖြစ်သူ ကြည်သာဟန်က တင်ခဲ့တာပါ။ အဲဒီပုံမတင်ခင်ကတော့ ဘီဘီလေးရဲ့ပုံကို တောင်းစားသူတစ်ယောက်လို ပြင်ဆင်ပေးထားပြီး မြန်မာအိုင်ဒေါလ်မှာ Vote ပေးလိုက်လို့ ဒီလိုပုံဖြစ်သွားပြီဆိုပြီး တင်လိုက်သေးတာပါ။ ဒီတစ်ခါ မုန့်ဖိုးရသွားတဲ့ ဘီဘီလေးက ဘယ်သူ့ကို Vote မယ်ဆိုတာကိုတော့ ဖေဖေက ပြောပြမထားတော့ မသိရပါဘူး။ ဘီဘီလေး ဘယ်သူ့ကို Vote ပေးမလို့လဲ ဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ ဒါပေမယ့် ဘီဘီလေး ဖေဖေရဲ့ ဖေ့ဘုတ်မှာတော့ အက်စတာလေးသီဆိုတာ အကောင်းဆုံးလို့ ပြောထားပါတယ်။ ကဲ ပရိသတ်ကြီးရော ဘီဘီလေးလိုပဲ မြန်မာအိုင်ဒေါလ်မှာ Vote ပေးဖို့ ရွေးထားတဲ့ ပြိုင်ပွဲဝင်များ ရှိလားဟင် ၊ ရှိတယ်ဆိုရင် မျှဝေပေးသွားပါဦး။...

ငွေဆောင်မှာ ဖေဖေအောင်သူနဲ့အတူ ဘောလုံးကန်နေတဲ့ သားလေး ကိုကိုး

မေမေ ပိုးအိအိခန့်နဲ့ ဖေဖေအောင်သူတို့ရဲ့ သားငယ်လေး ကိုကိုးကတော့ ငွေဆောင်မှာ အပန်းဖြေရင်း ဖေဖေအောင်သူနဲ့အတူ ဘောလုံးအတူကန်ဖော်ရနေပါပြီနော်။ ဖေဖေအောင်သူချီထားပြီး မေမေနဲ့အတူ ဘောလုံးကန်နေတဲ့ ကိုကိုးလေးက ဘောလုံးမြောက်တာမြင်တိုင်း အသံထွက်ပြီး ရယ်နေတာလေးက မြင်ရသူတိုင်းကို ကြည်နူရစေတဲ့ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့ သားလေး ကိုကိုးခေါ် သွင်ဦးဟန်လေးဟာ အသက် ၄လကျော်သာ ရှိသေးတာဖြစ်ပြီး ကြီးလာရင် အဖေလို ဘောလုံးသမားကြီးဖြစ်မလား မေမေ့လို အနုပညာရှင် သရုပ်ဆောင်လိုင်းဘက်ပဲ လိုက်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။ ကိုကိုးလေးကို ချစ်ခင်ကြတဲ့ ပရိသတ်ကြီးအတွက် ကိုကိုးလေးဖေဖေနဲ့ ဘောလုံးအတူကန်နေတဲ့ ဗီဒီယိုလေးကို ပြန်လည်ကြည့်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။ Writer – YLLT(Cele Star)

မြန်မာအိုင်ဒေါလ်လက်မှတ်ပါပေမယ့် ကွင်းထဲဝင်ဖို့ တားမြစ်ခံရလို့ live လွှင့်ပေါက်ကွဲနေတဲ့ ဖြိုးမြတ်အောင်

မြန်မာအိုင်ဒေါလ် Season 3 ရဲ့ Winner တစ်ဦးဖြစ်သူ ဖြိုးမြတ်အောင်ကတော့ မနေ့ညက မြန်မာအိုင်ဒေါလ် Season 4 ကို ကွင်းထဲမှာ လူကိုယ်တိုင်သွားရောက်အားပေးဖို့ လက်မှတ်တွေဘာတွေ ရှိထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းထိပ်အရောက်မှာ လက်မှတ်ပြပေမယ့် သူ့ကို လုံခြုံရေးတွေက အဝင်မခံတာကြောင့် မနေ့ညက ပွဲကို သူ့အနေနဲ့ လူကိုယ်တိုင်ဝင်ရောက်အားပေးခွင့် မရရှိခဲ့တာ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ရဲ့ ဖြစ်စဉ်ကို  နေခန့်မင်းသစ်ရဲ့ အကောင့်ကနေ ” Shwe Htut Tin ရောက်ပြီး လက်မှတ်လည်း ပါရဲ့သားနဲ့ အဝက security က မင်းကို ပေးမဝင်ဘူးဆိုတော့ တော်သေးတယ် အစက အတူတူသွားမယ်ချိန်းပြီး မသွားဖြစ်လိုက်လို့  ငါသာပါလို့ကတော့ ဒီတိုင်းတော့ ပြန်လာမယ့်ကောင်မဟုတ်ဘူး ငါပြောသားပဲ မင်းက S4 ပြိုင်ပွဲဝင်တွေဆီက လက်မှတ်မှ မတောင်းတာ” လို့ ပြောထားတာ တွေ့ရပါတယ်။...

x