Monthly Archive: October, 2019

ဟောလိုးဝင်းပွဲတော်အတွက် အံ့အားသင့်ဖွယ်မိတ်ကပ်ပြင်ဆင်မှုတွေ ဖန်တီးပြလိုက်တဲ့ နန္ဒာလှိုင်ရဲ့ သမီးလေး ၃ယောက်

သရုပ်ဆောင်နန္ဒာလှိုင်ရဲ့ သမီးချောလေး ၃ယောက်ကတော့ ဟောလိုးဝင်းနေ့မှာ သူတို့ဘာသာ သူတို့ပြင်ဆင်ထားတဲ့ မိတ်ကပ်အပြင်အဆင်လေးတွေနဲ့ အံအားသင့်အောင် ဖန်တီးပြလိုက်ပြန်ပါတယ်။ ဖေဖေ ဇေသီဟ နဲ့ မေမေနန္ဒာလှိုင်တို့က သူတို့ရဲ့ သမီးလေး ၃ယောက်ကို ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင် အစရှိတဲ့ နာမည်ဆန်းဆန်းလှလှလေးတွေ ပေးထားတာပါ။ အခုလည်း ဝတီ၊ ရတီနဲ့ မဒီ တို့က ဒီကနေ့ရဲ့ ဟောလိုးဝင်းပွဲတော်နေ့ကို သူတို့ဘာသာ ပြင်ထားတဲ့ မိတ်ကပ်အပြင်အဆင် အလှအပတွေနဲ့ ဆင်နွှဲနေကြတာပါ။ ဒါကို မေမေ နန္ဒာလှိုင်ကလည်း အမိအရ မှတ်တမ်းတင်ပုံ ရယူထားလိုက်သေးတာပါ။ သမီးတွေကလည်း မေမေပုံရိုက်တော့ အိုက်တင်လေးတောင်ပိုထုတ်ပြလိုက်သေးတာနော်။ နန္ဒာလှိုင်ရဲ့ သမီးလေး ၃ယောက်မှာ အငယ်ဆုံးလေးဖြစ်တဲ့ ဇေမဒီလှိုင်လေးကတော့ လူတကာ ချစ်တဲ့ ကလေးလေးဖြစ်သလို သူလေးက အသွက်ဆုံးလည်း ဖြစ်ပြန်ပါတယ်။ သူ့မမတွေကလည်း ဒါလေးကိုပဲ အချစ်ပိုနေကြတာ တွေ့ရမှာပါ။ သူတို့ထဲမှာ အိုက်တင်အများဆုံး...

ကြောက်စရာမကောင်းပဲ ချစ်စရာကောင်းတဲ့ သရဲမလေး ဖြစ်နေတဲ့ ထိပ်ထားသခင်လေးရဲ့ ဟောလိုးဝင်းဝတ်စုံ

ထိပ်ထားသခင်လေးက သူမလက်ရှိတက်ရောက်နေတဲ့ Pingu’s English ကျောင်းလေးရဲ့ Halloween Party လေးမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ သူမကတော့ သူမကိုယ်သူမ တကယ့်ကို ကြောက်စရာ သရဲမလေးပုံစံဖမ်းပြီး ဝတ်ဆင်ခဲ့တာပါ၊ ဒါပေမယ့် တကယ်တမ်းမှာ သူမရဲ့ ပုံစံလေးက ကြောက်စရာမကောင်းဘဲ ချစ်စရာကောင်းတဲ့ သရဲမလေးပုံစံဖြစ်နေခဲ့ပါတယ်။ ထိပ်ထားလေးက ပုံထဲမှာ မကြောက်ကြောက်အောင်တော့ ခြောက်ပြနေသေးတာပါနော်။ ဒီဟောလိုးဝင်းပွဲလေးကို သူမနဲ့အတူ သူမရဲ့ မေမေကလည်း အတူပါဝင်ပေးခဲ့တာတွေ့ရပြီး သူမချစ်တဲ့ သူငယ်ချင်းလေးတွေနဲ့လည်းပျော်မဆုံးဖြစ်နေတာ တွေ့ရပါတယ်။ ထိပ်ထားလေးက အခုဆိုရင် နာမည်ကျော် ကြော်ငြာမင်းသမီးလေးတောင်ဖြစ်နေပြီဆိုပေမယ့် သူမရဲ့ သူငယ်ချင်းတွေနဲ့ကျတော့ တကယ့်ကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ဆော့နေလိုက်တာနော်။ သူမကို ပရိသတ်တွေက ချစ်ခင်ကြသလို ကျောင်းက သူငယ်ချင်းတွေကလည်း ချစ်ခင်ကြပါတယ်တဲ့။ Pingu’s English ကျောင်းလေးမှာ ထိပ်ထားသခင်လေးလိုပဲ နောက်ထပ်တစ်ယောက် တက်ရောက်နေတဲ့သူ ရှိပါသေးတယ်။ အဲဒါကတော့...

အောင်မြင်သလောက် ဘယ်တော့မှ ဂုဏ်မမောက်တတ်တဲ့ ကိုရန်လေးကို သွားရောက်ဂါရဝပြုကန်တော့ခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေက သူမလေးစားအားကျရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရန်လေး သရုပ်ဆောင်ရန်အောင်ကို သီတင်းကျွတ်အခါသမယမှာ သွားရောက်ဂါရဝပြု ကန်တော့ခဲ့ပါတယ်တဲ့။ ခိုင်နှင်းဝေက သူမရဲ့ ဖေ့ဘုတ်မှာ “ကျမ လေးစား အားကျရသော အနုပညာ အကို ကိုရန်လေး ကို သီတင်းကျွတ်အခါသမယ မှာ သွားရောက် ဂါရဝ ပြုခဲ့ပါတယ်ရှင် ❤ ၊ ပြည့်တဲ့အိုးက ဘောင်ဘင်မခတ်ဖူး ဆိုသလိုပဲ အောင်မြင်ကျော်ကြားမှု မှာ ဘယ်တော့မှ ဂုဏ်မမောက်တတ်တဲ့ အကိုက လူတိုင်းကို မေတ္တာထားတတ်တယ် လူချစ်လူခင် ပေါအောင်လည်း ကျင့်ကြံနေထိုင်တတ်တယ် အကိုနဲ့ စကားပြောတိုင်း ကုန်သွားတဲ့ အချိန်တိုင်းဟာ စက္ကန့်နဲ့အမျှ တန်ဖိုးရှိနေခဲ့တယ် မိခင် ဖြစ်သူကို ဦးထိပ်ထားလွန်းတဲ့ အကို့ရဲ့ ဂါရဝတရား နဲ့ အလုပ်အပေါ် လုပ်ပေါ်ကိုင်ဖော်အပေါ် မှာ စေတနာ အမြဲထား သင်ပြပေးတတ်တဲ့ အပြုအမူတွေ ကိုလည်း အမြဲ...

သူမပရဟိတလုပ်နေတာနဲ့ပတ်သက်ပြီး ဝေဖန်တဲ့သူတွေကို ကျွန်မက ကလေးပြစားနေတဲ့သူမဟုတ်ဘူးလို့ ဒဲ့ပြောလိုက်တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေအနေနဲ့ သူမရဲ့ ပရဟိတဂေဟာက ကလေးတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာခံနေရတယ်လို့ သိရပါတယ်။ သူမက သူမပရဟိတလုပ်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်နေကြသူတွေကို ကျွန်မက ကလေးပြပြီး စားနေတဲ့သူမဟုတ်ဘူးလို့ ဒဲ့ပြောလိုက်ပါတယ်။ ဝေဖန်သူတွေက သူမဟာ အိမ်မှာ မွေးစားထားတဲ့ သူမသမီးလေး ရွှန်းရတီခိုင်ကိုပဲ အလေးပေးပြီး ကျန်ကလေးတွေကို နေရာမပေးဘူးလို့ ဆိုထားကြတာပါ။ ခိုင်နှင်းဝေက “တစ်ချို့ကပြောကြတယ်၊ ကျွန်မက ကျွန်မသမီးလေး ရွှန်းရတီခိုင်ကိုတော့ အိမ်မှာ ခေါ်မွေးတယ်၊ ကျန်တဲ့ကလေးတွေကျတော့ ဂေဟာမှာထားတယ်ဆိုပြီးပြောကြတယ်၊ ကျွန်မအိမ်မှာ ကလေး ၂၆ ယောက်လုံးကိုမွေးဖို့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မအမေရှိတယ်၊ ကျွန်မအမေရဲ့ ကျန်းမာရေးရှိတယ်၊ ကျွန်မသမီးလေး ကျွန်မဆီရောက်လာတဲ့အချိန်တုန်းကလည်း အခုဂေဟာက ကလေးတွေ မရှိသေး၊ မရောက်သေးပါဘူး။ ကျွန်မအိမ်မှာမွေးထားတဲ့ သမီးလေးကိုကြည့်ပြီး စွန့်ပစ်ခံကလေးတွေကို သနားရင်းနဲ့မှ ကလေးလေးတွေထပ်ကယ်ဆယ်ရင်း အခုဆို ၂၆ ယောက်အထိ ဖြစ်လာတာ။ ဟိုနေ့က ကျွန်မပွဲတက်တယ်၊...

ရက် (၁၀၀) ပြည့်မှာ သားဦးလေးရဲ့ နာမည်ကို ခပ်ဆန်းဆန်းလေး ပေးလိုက်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်

သရုပ်ဆောင် ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားအောင်သူ တို့ရဲ့ သားငယ်လေး ကိုကိုးကတော့ ဒီနေ့မှာ ရက် ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သားလေး ကိုကိုးရဲ့ ရက် ၁၀၀ ပြည့်မွေးနေ့အလှူပွဲလေးနဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲလေးကို မေမေပိုးအိအိခန့် ရဲ့ ရင်းနှီးတဲ့ အနုပညာရှင်မိတ်ဆွေတွေ ဖေဖေအောင်သူရဲ့ မိတ်ဆွေတွေနဲ့အတူ ၈ မိုင် ပေါက်စေတီကျောင်းတိုက်မှာ ကျင်းပပေးခဲ့တာပါ။ ကိုကိုးလေးရဲ့ မွေးနေ့ရက် ၁၀၀ ပြည့်ပွဲလေးကို မကြာသေးခင်ကမှ ချစ်သူဆုအိမ့်စံနဲ့ လမ်းခွဲခဲ့တဲ့ သရုပ်ဆောင် သူရိယလည်း တက်ရောက်ခဲ့တာ တွေ့ရပြီး အဆိုတော်ဝေလျံနဲ့ အခြားအနုပညာရှင်တွေကိုလည်း တွေ့မြင်ကြရပါတယ်။ အိမ်နာမည် ကိုကိုး လို့ ပေးထားတဲ့ သားသားလေးကို သွင်ဦးဟန် ဆိုတဲ့ နာမည်လှလှ ဆန်းဆန်းလေး မှည့်ခေါ်လိုက်တာဖြစ်ပြီး သားသားရဲ့ ရက် ၁၀၀ ပြည့်ပွဲလေးကို ပကာသနမရှိ ရိုးရှင်းစွာနဲ့ပဲ ပြုလုပ်သွားခဲ့တာကို တွေ့ရပြီး မေမေပိုးအိအိခန့်ရော ဖေဖေအောင်သူပါ...

လွန်ခဲ့တဲ့ (၅) နှစ် မင်္ဂလာဆောင်တုန်းက အမှတ်တရပုံလေးတွေ ပြန်တင်လိုက်တဲ့ ဆုပန်ထွာ

သရုပ်ဆောင် ဆုပန်ထွာကတော့ လွန်ခဲ့တဲ့ ၄နှစ်ကျော် ၂၀၁၅ ခုနှစ်တုန်းက “Santa Monica Beach” မှာ ဆောင်ခဲ့တဲ့ မင်္ဂလာပွဲ အမှတ်တရပုံလေးတွေ ပြန်တင်ပြီး လွမ်းနေပါတယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်တို့ဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုလာမယ့် ၂၀၂၀ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ မင်္ဂလာသက်တမ်း ၅ နှစ်ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်တို့ဟာ ဒီလိုမင်္ဂလာပွဲလေးဖြစ်လာဖို့အရေး ပတ်ဝန်းကျင်ကိုရော မိသားစုကိုပါ အတော်လေး ရင်ဆိုင်ခဲ့ကြရသူတွေလည်း ဖြစ်ပါတယ်။ ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ဟာ အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား၊ ဆန်တာမိုနီကာ ကမ်းခြေမှာ Romantic ဆန်ဆန်လေး မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပြီး နှစ်ဦးစလုံး အဖြူလေးတွေနဲ့ လှနေတာကို ပုံထဲမှာ တွေ့ရမှာပါ။ သရုပ်ဆောင်...

ချစ်စဖွယ်အမူအရာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ fan တွေ ရရှိနေပြီဖြစ်တဲ့ အနုပညာရှင်တွေရဲ့ ရင်သွေးငယ်လေးတွေ

အနုပညာရှင်တွေရဲ့ ရင်သွေးငယ်လေးတွေထဲမှာ တစ်ချို့သော ကလေးငယ်တွေက သူတို့ရဲ့ ချစ်စဖွယ်အမူအရာလေးတွေကြောင့် ငယ်ငယ်ရွယ်ရွယ်မှာပဲ Fan တွေ သူတို့ကိုအားပေးချစ်ခင်တဲ့ ပရိသတ်အမြောက်အများ ရှိနေကြပြီဖြစ်ပါတယ်။ ဒီကလေးလေးတွေက ဘယ်သူတွေရဲ့ သားသမီးတွေလဲ ၊ ဘာကြောင့်သူတို့ကို လူချစ်လူခင်ပေါများရတာလဲဆိုတာကို အောက်ကပြောပြထားတာလေးတွေဆီမှာ တစ်ချက်ကြည့်ကြည့်လိုက်ပါဦး။ သရုပ်ဆောင် ချစ်သုဝေနဲ့ အဆိုတော်လင်းလင်းတို့ရဲ့ သမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ် သရုပ်ဆောင်နဲ့ အဆိုတော်ချစ်သုဝေနဲ့ အဆိုတော်လင်းလင်းတို့ဟာဆိုရင် ခေတ်နဲ့သစ် ဆိုတဲ့ အရမ်းတတ် ၊ အရမ်းချစ်ဖို့ကောင်းတဲ့ အမွှာသမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားကြတာပါ။ ခေတ်လေးနဲ့ သစ်လေးက ငယ်ရွယ်စဉ်အချိန်ကတည်းကစပြီး သူတို့နှစ်ယောက်ရဲ့ ပရိသတ်အခိုင်အမာ ရရှိထားခဲ့ကြပြီး အခုကြီးလာတဲ့အချိန်မှာလည်း ပရိသတ်က ပိုလို့တိုးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖခင်နဲ့မတူတူအောင် လိုက်လုပ်တတ်တဲ့ ခေတ်လေးရဲ့ အိုက်တင်တွေနဲ့ ရယ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းပြီး ခေတ်ခေတ်လုပ်သမျှ လိုက်လုပ်တတ်တဲ့ သစ်လေးရဲ့ အမူအရာတွေကလည်း သူတို့ညီအစ်မကို ချစ်ခင်သူပေါများစေခဲ့တာပါ။ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့...

စွန့်စားမှုတွေကြိုက်တဲ့ သမီးငယ်လေးရဲ့ (၄) နှစ်ပြည့်မွေးနေ့ကို ထူးထူးခြားခြားကျင်းပပေးခဲ့တဲ့ မီးမီးခဲ

အဆိုတော်မီးမီးခဲရဲ့ သမီးငယ်လေး Narnia က စွန့်စားမှုတွေကို ကြိုက်နှစ်သက်သူဖြစ်ပါသတဲ့၊ ဒါကြောင့် မိခင်ဖြစ်သူ မီးမီးခဲက သူမသမီးငယ်လေးရဲ့ မွေးနေ့လေးကို ထူးထူးခြားခြားလေးဖြစ်အောင် ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။ သမီးလေး Narnia က သူများတွေကို မွေးနေ့ကို အေးအေးဆေးဆေးကျင်းပရတာမကြိုက်သူဖြစ်လို့ သူမမွေးနေ့လေးမှာ သစ်ပင်တွေတက် စွန့်စွန့်စားစား လုပ်ဆောင်ရတဲ့ Adventure လေးတွေကို သူငယ်ချင်းတွေနဲ့အတူ ပြုလုပ်ဖန်တီးခွင့်လေး ပေးလိုက်တာဖြစ်ကြောင်း အဆိုတော်မီးမီးခဲက သူမရဲ့ ဖေ့ဘုတ်မှာ တင်ခဲ့တာပါ။ ” သမီးငယ် Narnia Birthday Party… သတ္တိခဲမလေးက သူများတွေလို အေးဆေး မလုပ်ချင်ဘူး ၊ သစ်ပင်တက်စွန့်စားရတဲ့ Adventure တွေကို ကြိုက်လို့ သူ့ အလိုကျ …လုပ်ပေးကြတယ်God Bless You …Ah Nyar” လို့ မီးမီးခဲရဲ့ ဖေ့ဘုတ်မှာ ချစ်စဖွယ်ရေးသားထားတာ တွေ့ရပါတယ်။ အဆိုတော်မီးမီးခဲဟာ...

ခီမောင်နှံဆီက ဟာသကားတစ်ကားကို စောင့်မျှော်နေတဲ့ ပရိသတ်အတွက် အဖြေပြန်ပေးခဲ့တဲ့ ဇဏ်ခီ

ခီမောင်နှံ။ အချိန်အတော်ကြာ ခေါက်ရိုးကျိုးအသားကျနေတဲ့ မြန်မာ့ရုပ်ရှင်လောကကို တစ်ခေတ်ပြောင်းလဲစေခဲ့တဲ့ မောင်နှံလို့ ပြောရင် မမှားပါဘူး။ ဖန်တီးမှုလက်ရာတွေ ပြောင်မြောက်ခဲ့သလားဆိုတာ မုဒြာခေါ်သံ၊ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားတွေက ရှေ့မှာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ မြန်မာပရိသတ်တွေ ငြီးငွေ့နေတဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေထဲကနေ ကွဲထွက်လာခဲ့တဲ့ ဒီဇာတ်ကား ၂ ကားဟာ ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ရုပ်ရှင်တစ်ကားကို ရိုက်ကူးမယ့်အချိန်ကစပြီး အသေးစိတ်ထိ ဂရုတစိုက်နဲ့ အချိန်ပေးခဲ့တာတွေကြောင့်လည်း အနုပညာပေါ်ကို တန်ဖိုးထားတတ်မှုတွေပေါ်လွင်နေခဲ့ပြန်ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ စတင်ပြသမယ့် ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီးကို စတင်ရိုက်ကူးမယ့်အချိန်ကစပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ Red Carpet Show ပြုလုပ်ပြီးချိန်မှာတော့ လာရောက်ကြည့်ရှုသူတွေရဲ့ ၁၀၀ ရာခိုင်နှုန်းသော ထောက်ခံမှုတွေကို ရရှိခဲ့တာကြောင့် ကြိုတင်လက်မှတ်တွေ ရုံအချို့မှာပါ ပြတ်လပ်တဲ့အထိ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ယနေ့မှာ ခီမောင်နှံ ၂ ဦးဟာ ပရိသတ်တွေအတွက် အချိန်ပေး...

The Model Academy မှာ ဒိုင်ဖြစ်သူ ဇင်အောင်ကို ရဲရဲရင့်ရင့် ခွန်းတုန့်ပြန်ဝံ့ခဲ့တဲ့ တစ်ဦးတည်းသော ပြိုင်ပွဲဝင်

The Model Academy ပြိုင်ပွဲဆိုတာကတော့ အားလုံးလည်း သိကြတဲ့အတိုင်း ဂယက်မျိုးစုံ ဖြစ်ပေါ်လေ့ရှိပြီး အဲဒီဂယက်လေးတွေက ဒိုင်တွေဖြစ်တဲ့ ဇင်အောင်နဲ့ မော်ဒယ်လ်သန္တာလှိုင်တို့နဲ့ အဓိက ပတ်သက်နေလေ့ရှိတာ တွေ့ရပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့က The Model Academy ပေ့ခ်ျမှာ ဖော်ပြထားတဲ့ ပြိုင်ပွဲဝင်မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ လဲ့ယမင်းဦးကို လူမှုကွန်ရက်စာမျက်နှာမှာ စည်းကမ်းသတ်မှတ်ချက်ကို ဖောက်ဖျက်ပြီး ပုံတင်မိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းသိမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဖုန်းသိမ်းခဲ့တာမှာ လဲ့ယမင်းဦးတစ်ဦးတည်းတင်မကဘဲ လက်ရှိပြိုင်ပွဲဝင်နေတဲ့ မော်ဒယ်လ်အားလုံးကို သိမ်းခဲ့တာပါ။ အဲဒီအတွက် လဲ့ယမင်းဦးနဲ့ ဒိုင်ဖြစ်သူ ဇင်အောင်တို့ နှစ်ဦးတည်း တွေ့ဆုံရတဲ့အခါမှာ ဇင်အောင်က ဘာအဆင်မပြေတာရှိလဲဆိုတဲ့ မေးခွန်းအပေါ် လဲ့ယမင်းဦးက ဖုန်းသိမ်းတာတော့ အဆင်မပြေဘူး အစချီပြီး သူမမကျေနပ်ချက်တွေအားလုံးကို တိုက်ရိုက်ပဲ ပြန်လှန်မေးခွန်းထုတ် ဖွင့်ဟပြောဆိုခဲ့တာပါ။ ဇင်အောင်က ဖုန်းကိုဘာကြောင့်သိမ်းတာလဲလို့ မေးစဉ်မှာ လဲ့ယမင်းဦးက ဖုန်းသိမ်းတာက သိမ်းလိုက်လို့ရတယ်၊...

x