Category: Uncategorized

နှစ်လဆက်တိုက်ထီပေါက်ခဲ့တဲ့ ဟာသသရုပ်ဆောင်ငှက်ပျောကြော်

ဟာသသရုပ်ဆောင်ငှက်ပျောကြော်ကတော့ အရင်လကရော အခုလမှာပါ နှစ်လဆက်တိုက် ထီပေါက်ခဲ့လို့ အံ့သြဝမ်းသာဖြစ်နေပါတယ်။ ဦးငှက်ပျောကြော်ဟာ အရင်လက ကျပ်ငါးသောင်းဆုပေါက်ခဲ့တာဖြစ်ပြီး ဒီလမှာတော့ ကျပ် ၁သိန်းဆုပေါက်ခဲ့တာလို့ သူကဆိုထားပါတယ်။ ဟာသသရုပ်ဆောင်ငှက်ပျောကြော်ဟာ ဦးအရိုင်း၊ ဦးဖိုးဖြူ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးကင်းကောင် တို့နဲ့အတူ သရဲလေးကောင်အဖြစ် နာမည်ကြီးခဲ့သူဖြစ်ပြီး အဲဒီခေတ်အခါက ဦးလွင်မိုးနဲ့အတူ အတွဲညီခဲ့ကြသူတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သရဲလေးကောင်ရယ်လို့ မဟုတ်တော့ပဲ သီးခြားစီ ခွဲထွက်ခဲ့ကြရာက လက်ရှိအချိန်မှာ ဦးငှက်ပျောကြော်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေဆက်လက်ရိုက်ကူးနေဆဲဖြစ်ပြီး ဦးအရိုင်းကတော့ The Mask Singer Myanmar မှာ ဒိုင်အဖြစ်ပါဝင်နေတာကိုတွေ့ရပါတယ်။ ဦးဖိုးဖြူကတော့ အဝစား ၁၅၀၀ ကျပ်တန် ထမင်းဆိုင်လေးဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ Writer – YLLT(Cele Star)

၁၀နှစ်အရွယ်သမီးကြီး ဘားဘီနဲ့ ဓါတ်ပုံတွဲရိုက်ရင်း ထူးခြားမှုတစ်ခုကြောင့် အံ့သြဝမ်းသာဖြစ်ခဲ့ရတဲ့ အဆိုတော်မီးမီးခဲ

အဆိုတော်ထူးအယ်လင်းနဲ့ မီးမီးခဲတို့ဟာ လက်ရှိမှာ ကွာရှင်းပြီးကြပြီဖြစ်ပြီး အိမ်ထောင်သစ်ကိုယ်စီနဲ့ သားသမီးတွေထပ်ရနေကြပြီပဲ ဖြစ်ပါတယ်။ မီးမီးခဲနဲ့ ထူးအယ်လင်းတို့မွေးဖွားခဲ့တဲ့ သမီးလေးဘားဘီကတော့ ရန်ကုန်မှာ မီးမီးခဲရဲ့ မိခင်ဖြစ်သူနဲ့ နေထိုင်နေတယ်လို့ သိရပါတယ်။ မီးမီးခဲဟာ မကြာသေးခင်က ကင်ဆာရောဂါဝေဒနာကို အပြင်းအထန် ခံစားခဲ့ရသူဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ ကင်ဆာရောဂါကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့ပြီဖြစ်လို့ မြန်မာပြည်ကို အလည်ပြန်လာနေတာပဲ ဖြစ်ပါတယ်။ အဆိုတော်မီးမီးခဲဟာ နောက်အိမ်ထောင်ဖြစ်သူနဲ့ သားသမီး ၂ဦးထပ်ရရှိထားပြီး သမီးကြီးဖြစ်သူကိုလည်း သူမနေထိုင်ရာ သြစတြေးလျကို မကြာခဏခေါ်ယူပြီး အတူတကွ ပျော်ရွှင်စွာ တွေ့မြင်ရလေ့ရှိပါတယ်။ ဒီနေ့မှာတော့ အဆိုတော်မီးမီးခဲက သမီးလေး ဘာဘီသီချင်းဆိုတဲ့ အင်းစိန်ခန်းမဖွင့်ပွဲဆီကို လိုက်ပို့ရင်း သမီးနဲ့အတူ ဓါတ်ပုံတွဲရိုက်ခဲ့ရာက ၁၀ နှစ်အရွယ်သာ ရှိသေးတဲ့ သမီးလေးက သူမထက်အရပ်ရှည်နေတာကို အံ့သြဝမ်းသာစွာ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲက သူမရဲ့ ဖေ့ဘုတ်မှာ ” သမီးကြီး...

မိုးလေဝသဦးထွန်းလွင်၏ ရုပ်အလောင်းအိမ်တွင်ထားရှိနိုင်ရန် နာရေးကူညီမှုအသင်းမှ Cold Box ဖြင့်ကူညီပေးထား

မိုးလေဝသပညာရှင် ဆရာကြီးဒေါက်တာ ဦးထွန်းလွင်ရဲ့ ရုပ်အလောင်းကို ဆေးရုံကနေ အိမ်ပြန်သယ်ဖို့ နာရေးကူညီမှုအသင်းရန်ကုန်က ပါဝင်ကုသိုလ်ယူခဲ့ပြီး နေအိမ်မှာ ထားရှိနိုင်ဖို့အတွက် Cold Box နဲ့ ထားရှိပေးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ဆရာကြီးဟာ နိုဝင်ဘာ ၄ရက်နေ့ ညနေ ၆ နာရီ ၅၇ မိနစ်မှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့တာဖြစ်ပြီး ဆရာကြီးရဲ့ ရုပ်အလောင်းကို ဆေးရုံကနေ အိမ်ကို ပြန်သယ်ခဲ့ကြတာဖြစ်ပါတယ်။ နာရေးကူညီမှုအသင်းရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ” ၂၀၁၉၊ နိုဝင်ဘာ (၅)ရက် ၊ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာဦးထွန်းလွင်သည် (၄.၁၁.၂၀၁၉) ညနေ (၆:၅၇)နာရီ၌ ဂရန်း(ဒ်)ဟံသာဆေးရုံတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။ ဆရာကြီးသည် ကွယ်လွန်ချိန်တွင် အသက်(၇၁)နှစ် ရှိပြီဖြစ်ပါသည်။ ကျန်ရစ်သော ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု – ဥက္ကဌ ဆရာမဒေါ်သန်းမြင့်အောင် နှင့် အသင်းသားများသည် ဆေးရုံမှ သုဝဏ္ဏရှိ နေအိမ်သို့...

x