Author: Myanmar Cele Star

ဒေါင်း၊ ပိုင်ဖြိုးသုတို့နဲ့အတူ ရုပ်ရှင်ရိုက်တော့မယ့် အေးမြဖြူ

မြန်မာအိုင်ဒေါလ် Season 4 ပြိုင်ပွဲမှာ ဆုမရရှိခဲ့ပေမယ့် ပရိသတ်က ဆုရရှိစေချင်ကြသူလေးဖြစ်တဲ့ အေးမြဖြူကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက်ပါ ကမ်းလှမ်းမှု ရရှိနေပြီဖြစ်ပါတယ်။ သူမက မြန်မာအိုင်ဒေါလ် Winner ဖြစ်မသွားတဲ့အတွက် စာချုပ်မရှိတာက အားသာချက်ဖြစ်သွားတယ်လို့ပဲ ပြောရမလိုပါပဲ။သူမက အခုဆိုရင် တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် **ချစ်ခင်စမှော်ရုံ** ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒါရိုက်တာကတော့ ဏကြီးပါတဲ့။ ကဲ အေးမြဖြူလေးရဲ့ ပရိသတ်တွေကတော့ ဒီဇာတ်ကားကြီးမှာ သူလေး ဘယ်အခန်းကနေ ပါဝင်သရုပ်ဆောင်မယ်ဆိုတာကို သိချင်နေကြမှာပေါ့နော်။ Writer – YLLT(Cele Star)

လက်မှတ်မရောင်းရလို့ ရှုံးမလိုဖြစ်နေတဲ့ ကင်ဆာရောဂါသည်မီးမီးခဲရဲ့တစ်ကိုယ်တော်ရှိုးပွဲလေး

အဆိုတော်မီးမီးခဲဟာ ရင်သားကင်ဆာရောဂါအပါအဝင် ကင်ဆာရောဂါတော်တော်များများကို အန်တုခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်ထိလည်း ကင်ဆာရောဂါက အရှင်းပျောက်ကင်းသွားတာမဟုတ်ပဲ ထိန်းထားဆဲအဆင့်သာဖြစ်တယ်လို့ သိရပါတယ်။ သူမက သြစတြေးလျနိုင်ငံမှာ နေထိုင်နေတာဖြစ်ပြီး လတ်တလောမှာတော့ မြန်မာပြည်ကို ခဏအလည်ပြန်လာပြီး သူမတသက်တာမှာ အလုပ်ချင်ဆုံး၊ အဖြစ်ချင်ဆုံး သူမရဲ့ Solo Show ပွဲလေး ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ရှိုးပွဲမှာ သူမနဲ့ ခင်ပွန်းဟောင်း ထူးအယ်လင်းတို့ ရရှိခဲ့တဲ့ သမီးလေး ဘားဘီကလည်း ပါဝင်သီဆိုပေးမယ်လို့ သိရပြီး ဘားဘီလေးက လက်ရှိအချိန်မှာ အသက် ၁၀ နှစ်ရှိနေပါပြီ။ မီးမီးခဲရဲ့ ရှိုးပွဲလက်မှတ်တွေကို ကျပ်ငါးသောင်း၊ သုံးသောင်း၊ နှစ်သောင်း အဖြစ်သတ်မှတ်ရောင်းချပေးနေပေမယ့် ရှိုးပွဲ ၅ရက်အလို အချိန်အထိ လက်မှတ် ၂၀၀ သာရောင်းချခဲ့ရတယ်လို့ မီးမီးခဲက ဆိုထားပါတယ်။ ဒီနေ့ ရှိုးပွဲ ၂ရက်သာအလိုမှာလည်း လက်မှတ်တွေအများကြီး ကျန်ရှိနေသေးတာကြောင့် မီးမီးခဲအနေနဲ့ သိန်းရာချီအကုန်ခံထားတဲ့...

အမေရိကားခရီးစဉ်မှာ ပျော်နေတဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာ

သရုပ်ဆောင်နဲ့အဆိုတော်စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ စုံတွဲကတော့ နှစ်သစ်မှာ အမေရိကားခရီးစဉ်မှာ လည်ပတ်ရင်း ပျော်ရွှင်မဆုံးဖြစ်နေကြတာ တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ အမေရိကားမှာပဲ Happy new year ညကို ကျော်ဖြတ်ခဲ့ကြတာဖြစ်ပြီး စိုးမြတ်နန္ဒာတစ်ယောက် မီးပန်းတွေကြည့်ရင်းအရမ်းကို ပျော်နေခဲ့တာပါ။ သူမနဲ့ စိုးသူဟာ Casino ထဲမှာ ဘူဖေးစားပြီး ကမ္ဘောဒီးယားဘုန်းကြီးကျောင်းကိုလည်း သွားရောက်ကုသိုလ်ယူခဲ့ကြသေးတယ်လို့ သိရပါတယ်။ ဒါဒါနဲ့ စိုးသူရဲ့ ပရိသတ်တစ်ယောက်ကတော့ “အရမ်းချစ်​တယ်​မဒါ ကိုစိုးသူကလဲ ငယ်​ငယ်​ထဲကကြိုက်​ခဲ့ရတဲ့မင်းသားဘဲ လိုက်​ဖက်​ညီတယ်၊ သ​ဘောတူတယ်​ အိမ်​​ထောင်​​ရေးဆိုတာ ဖူးစာ ပါလိုရှိရင်​ သူ့အလိုလိုနဲ့ရမှာဘဲ ​ရေစက်​ကုန်​သွားရင်​လဲ မကွဲချင်​ဘဲ ကွဲရမှာ ကံ​စေရာဘဲ​ပေါ့ ဘယ်​သူက​တော့ အိမ်​​ထောင်​ပျက်ဆိုတာ ဖြစ်​ချင်​မှာလဲ​နော်​ မမဒါကို နားလည်​တယ်​ ဘယ်​​တော့မှ မမုန်းဘူး” လို့ ပြောထားတာကို တွေ့ရပါတယ်။ သရုပ်ဆောင်စိုးမြတ်နန္ဒာဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာတုန်းက တရားအမှုရင်ဆိုင်ခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်မှာ မင်းသမီးပိုးထည်ဆိုင်ကို ဦးစီးလုပ်ကိုင်နေသူဖြစ်ပါတယ်။ Writer...

အမေစုဆီက ထူးခြားတဲ့လက်ဆောင်လေး ရောက်လာလို့ အံ့သြဝမ်းသာနေတဲ့ နန္ဒာလှိုင်

သရုပ်ဆောင်နန္ဒာလှိုင်ကတော့ ဒီနှစ်သစ်လေးမှာ အံ့သြထူးခြားမှုတွေပဲ ဆက်တိုက်ဖြစ်နေတော့တာပါပဲနော်။ ဘာလို့လည်းဆိုတော့ သူမအနေနဲ့ ဒီ ၂၀၂၀ မှာ သီရိသုဓမ္မသိင်္ဂီဘွဲ့ကြီး ရရှိခဲ့တာဖြစ်သလို အခုလည်း အမေစုဆီက ထူးထူးခြားခြား လက်ဆောင်လေးတစ်ခုကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ နှစ်သစ် Greeting ကတ်လေးပါဝင်တဲ့ ကိတ်မုန့်လေးကတော့ ဒေါင်းပုံကိတ်လေးပဲဖြစ်ပါတယ်။ ဒီလက်ဆောင်ကို သူမနဲ့သူမခင်ပွန်း ရဲ့ နာမည်နဲ့ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ နန္ဒာလှိုင်က ပြသခဲ့တာပါ။ သရုပ်ဆောင်နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူ ဇေသီဟနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မလုပ်တော့ပဲ စီးပွားရေးလုပ်ငန်းဘက်ကိုပဲ ဦးစိုက်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင်ဆိုတဲ့ သမီးလေး ၃ယောက်ပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်ဟာ ဒူးရင်းကျွဲကောခြံလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ Missha အလှကုန်လုပ်ငန်းနဲ့ အခြားမိသားစုစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိတာ တွေ့ရပါတယ်။ Writer – YLLT(Cele Star)

ခရီးမတူပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ဆုံတွေ့ခဲ့ကြတဲ့ ဆုန်ကြီးနဲ့ ဆုန်လေး

အဆိုတော်ကြီး ဆုန်သင်းပါရ်ဟာဆိုရင် မြန်မာအိုင်ဒေါလ်မှာ Winner ဆုရှင်ဖြစ်သွားတဲ့ သူမနဲ့လူမျိုးတူ ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန်ရ်ကို အားပေးသူတစ်ဦးပါ။ သူမတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲအတွင်း ဆုန်သင်းပါရ်က ဧည့်သည်အဆိုတော်အနေနဲ့ လာရောက်သီဆိုစဉ်က ဆုံတွေ့ဖူးကြသူတွေဖြစ်ပါတယ်။ အခုလည်း ဆုန်သင်းပါရ်တစ်ယောက် တမူးမြို့ကိုသွားဖို့ လေဆိပ်ကိုအလာမှာ ဇာတိမြို့ဟားခါးကိုပြန်မယ့် အက်စတာဒေါ့သ်ချင်းဆုန်ရ် နဲ့ လေဆိပ်မှာ လာဆုံခဲ့ရတာဖြစ်ပါတယ်။ ဆုန်သင်းပါရ်က အဆိုပါ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်လေးနဲ့ ပတ်သက်ပြီး တမူးမြို့သွားမယ့်ဆုန်ကြီး ဟားခါးမြို့ပြန်မယ့် ဆုန်လေးတို့ ဆုံကြ ဆိုပြီး ချစ်စဖွယ်ရေးသားထားတာပါ။ အက်စတာဒေါ့သ်ချင်းဆုန်ရ်ဟာ ဒီနေ့ လွတ်လပ်ရေးနေ့မှာ သူမရဲ့ မွေးရပ်မြေကို ပြန်လည်သွားရောက်မှာဖြစ်ပြီး သူမကို ဒေသခံတွေက အထူးအစီအစဉ်တွေနဲ့ ကြိုဆိုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ Writer – YLLT(Cele Star)

သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ဒုတိယအကြိမ်ရရှိသွားတဲ့ သရုပ်ဆောင်ယမင်းကိုကို

သရုပ်ဆောင်ယမင်းကိုကိုဟာဆိုရင် အနုပညာလှုပ်ရှားမှုတွေ မရှိတော့သူတစ်ဦးဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်အဖြစ် ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ပထမဆုံးအကြိမ်ရရှိခဲ့ဖူးပြီး အခု ၂၀၂၀ ခုနှစ်မှာလည်း ဒုတိယအကြိမ်အဖြစ် သီရိသုဓမ္မသိင်္ဂီဘွဲ့ရှင်စာရင်းမှာ ပါဝင်လာပြန်တာပါ။ သူမနဲ့အတူ  သီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိသူသရုပ်ဆောင်တစ်ဦးကတော့ နန္ဒာလှိုင်ဖြစ်ပြီး ဒီဘွဲ့ဟာ သာသနာတော်အတွက် အထောက်အပံ့လှူဒါန်းမှုများသူတွေကို ပေးတဲ့ဆုတစ်ခုဖြစ်ပြီး ယမင်းကိုကိုနဲ့ နန္ဒာလှိုင်တို့က လူပုဂ္ဂိုလ်တွေအတွက်ပေးတဲ့ဆုစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေထဲမှာ ဒီဆုရရှိထားသူတွေ အများအပြားရှိကြပြီး နန္ဒာလှိုင်ဟာ အစိုးရက သီရိသုဓမ္မသိင်္ဂီဘွဲ့ချီးမြှင့်ခံရသူစာရင်းရဲ့ နံပါတ် ၂၉ ၊ ယမင်းကိုကိုက နံပါတ် ၃၁ အနေနဲ့ ရရှိခဲ့တာ တွေ့ရပါတယ်။ Writer – YLLT(Cele Star)

နှစ်သစ်မှာ မင်္ဂလာရှိစွာနဲ့ သီရိသုဓမ္မသိဂီင်္ဘွဲ့ရရှိသွားပြန်တဲ့ နန္ဒာလှိုင်

သရုပ်ဆောင်နန္ဒာလှိုင်ကတော့ ၂၀၂၀ နှစ်သစ်လေးမှာ မင်္ဂလာရှိစွာနဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကြီးကို ပေးအပ်ခြင်း ခံလိုက်ရပြီပဲဖြစ်ပါတယ်။ နန္ဒာလှိုင်က သူမအခုလိုဆုရရှိခဲ့တဲ့အကြောင်း ပရိသတ်ကို ဝေမျှပေးခဲ့တာဖြစ်ပြီး “သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ချီးမြှင့်ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပြီး၂၀၂၀ နှစ်သစ်မှ စ၍ မိသားစုနှင့်အတူ ဒီထက်မက သာသနာကို အထောက်အပံ့ပြု လှူဒါန်းနိုင်ခွင့် ရရပါစေ” လို့ သူမရဲ့ ဖေ့ဘုတ်မှာပြောထားတာပါ။ နန္ဒာလှိုင်ဟာ အစိုးရက သီရိသုဓမ္မသိင်္ဂီဘွဲ့ချီးမြှင့်ခံရသူစာရင်းရဲ့ နံပါတ် ၂၉ မှာ ပါဝင်ခဲ့တာဖြစ်ပြီး သူမရဲ့ ပရိသတ်တွေကတော့ သူမအတွက် ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။ သရုပ်ဆောင်နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူ ဇေသီဟနဲ့အတူ မကြာသေးခင်ကပဲ ရှင်အပါး ၅၀၀၀ လှူဒါန်းပွဲကိုလည်း ပြုလုပ်ခဲ့သူဖြစ်ပြီး ခင်ပွန်းဖြစ်သူကအဲဒီရှင်ပြုပွဲမှာ ပဉ္ဇင်းဝတ်ကုသိုလ်ယူခဲ့ပါတယ်။ သရုပ်ဆောင်နန္ဒာလှိုင်ဟာ လက်ရှိမှာ သမီးလေးသုံးယောက်ပိုင်ဆိုင်ထားပြီး သူမရဲ့ MIssha အလှကုန်ကိုလည်း ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သူတစ်ဦးလို့လည်း ဆိုရမှာပါ။ အနုပညာပိုင်းရော၊ စီးပွားရေး၊ ကုသိုလ်ရေးပိုင်းပါမကျန်...

ဓမ္မဒူတ ကလေးတရားစခန်းမှာ ရေခဲမုန့်အလှူလုပ်ရင်း ကုသိုလ်ယူနေတဲ့ ခင်ဝင့်ဝါနဲ့ နွယ်ဒါလီထွန်း

သရုပ်ဆောင်ခင်ဝင့်ဝါလေးကတော့ သရုပ်ဆောင်နွယ်ဒါလီထွန်းနဲ့အတူ မှော်ဘီ ဆရာတော်အရှင်ဆေကိန္ဒရဲ့ ကလေးတရားစခန်းရဲ့ နိဗ္ဗာန်ဈေးလေးမှာ ရေခဲမုန့်အလှူလုပ်ရင်း ကုသိုလ်ယူနေတာကို တွေ့ရပါတယ်။ ခင်ဝင့်ဝါဟာ သူမရဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူ Online Donation Group လေးဖွဲ့ထားတာဖြစ်ပြီး ဒီအဖွဲ့လေးစုပေါင်းပြီးတော့ ရေခဲမုန့်စတုဒီသာလှူဒါန်းပေးခဲ့တာပါ။ ခင်ဝင့်ဝါတစ်ယောက် စတော်ဘယ်ရီ၊ ချော့ကလက်၊ နို့ ဘယ်ဟာစားမလဲဆိုပြီးကလေးတွေကို မေးနေတာလေးက ချစ်စဖွယ်ဖြစ်နေတာကို တွေ့ရမှာပါ။ ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒရဲ့ ယဉ်ကျေးလိမ္မာတရားစခန်းမှာ ၃တန်း၊ ၄တန်း ကလေးတွေအတွက် ဆိုင်ခန်းလေး ယူပြီး လှူဒါန်းခဲ့တာလို့ သိရပါတယ်။ ကလေးလေးတွေက နံပါတ်နဲ့ လာတန်းစီယူကြတာဖြစ်ပြီး ခေးလေးခင်ဝင့်ဝါဆီမှာ ကလေးတွေဝိုင်းအုံနေတာကလည်း ပျော်စရာလေးတစ်ခုပါပဲ။ တရားစခန်းမှာပြုလုပ်တဲ့ ဒီစတုဒီသာပွဲဈေးလေးမှာ ဆိုင်ခန်းတွေ အများအပြားပါဝင်ခဲ့ကြပြီး ခင်ဝင့်ဝါတို့ရဲ့ ဆိုင်ခန်းလေးက နံပါတ် ၄၁ ပါ၊ ကလေးလေးတွေကတော့ ခေးလေးခင်ဝင့်ဝါရဲ့ ရေခဲမုန့်ကို အထူးအားပေးခဲ့ကြတာတွေ့ရပါတယ်။ ခေးလေးခင်ဝင့်ဝါရဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်ကြီး သာဓုခေါ်ဆိုနိုင်ဖို့...

အနုပညာလောကထဲက သူမအချစ်ဆုံးအမျိုးသား ၃ယောက်ကို ထုတ်ပြလိုက်တဲ့ သက်မွန်မြင့်

သရုပ်ဆောင်သက်မွန်မြင့်ကတော့ သူမအနေနဲ့ အနုပညာလောကထဲကို စဝင်ချိန်ကတည်းက ဒီလူတွေနဲ့တွေ့ရင် အလိုလို ၁၈ နှစ် စိတ်လေးဖြစ်သွားရတယ်ဆိုပြီး သူမအချစ်ဆုံး အနုပညာရှင်အမျိုးသား ၃ယောက်ကို ထုတ်ပြလိုက်ပါတယ်။ အဲဒီအမျိုးသား ၃ယောက်ကတော့ သူမနဲ့ ရုပ်ရှင်ကားတိုင်းမှာ တွဲဖက်ညီညီ သရုပ်ဆောင်နိုင်ခဲ့သူတွေဖြစ်တဲ့ နေတိုး ၊ စိုင်းစိုင်းခမ်းလှိုင် နဲ့ နိုင်းနိုင်း တို့ပဲ ဖြစ်ကြပါတယ်။ သက်မွန်မြင့်နဲ့ နေတိုးတို့ဟာ ဇာတ်ကားပေါင်းများစွာမှာ တွဲဖက်သရုပ်ဆောင်ခဲ့ကြသူတွေဖြစ်ပြီး ပရိသတ်ကလည်း သူတို့အနုပညာစုံတွဲလေးကို ချစ်ခင်ကြပါတယ်။ အခုလတ်တလော ရုံတင်နေတဲ့ ချည်ဇာတ်ကားကြီးမှာလည်း သူတို့နှစ်ဦးကို အတွဲညီညီတွေ့မြင်ကြရဦးမှာပါ။ နေတိုးလိုပဲ စိုင်းစိုင်းနဲ့ နိုင်းနိုင်းတို့နဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ အခါမျိုးမှာလည်း သက်မွန်တစ်ယောက် ကလေးဖြစ်သွားရတယ်ဆိုတဲ့အကြောင်းကို ပြောထားတာပါ။ သက်မွန်က သူမရဲ့ ဖေ့ဘုတ်မှာ ” သူတို့နဲ့တွေ့ရင် စဆုံရတဲ့ ၁၈ နှစ်တုန်းကစိတ်ပဲ၊ ဘယ်အရွယ်ဖြစ်နေပြီတွေ၊ ကလေးအမေတွေလာမပြောနဲ့ သိဘူးသွား” လို့ ချစ်စဖွယ်ပြောကြားထားတာပါ။ ကဲ...

ပရိသတ်နဲ့ ပထမဆုံးတိုက်ရိုက်ဖျော်ဖြေရတဲ့ပွဲမှာ အကြီးအကျယ်အားပေးမှုရရှိခဲ့တဲ့ အေးမြဖြူ

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အေးမြဖြူလေးကတော့ သူမပထမဆုံးပွဲဦးထွက် ပရိသတ်နဲ့တိုက်ရိုက်သီဆိုဖျော်ဖြေရတဲ့ပွဲမှာ ပရိသတ်တွေရဲ့ အကြီးအကျယ်အားပေးမှုရရှိခဲ့တယ်လို့ သိရပါတယ်။ အေးမြဖြူလေးဟာ ညောင်ဦးမြို့နယ်စဥ့်ကူ မှာ ဖျော်ဖြေခဲ့တာဖြစ်ပြီး ဒါဟာ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲအပြီး သူမရဲ့ ပထမဆုံး ပရိသတ်နဲ့ တိုက်ရိုက်တွေ့ဆုံဖျော်ဖြေရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အေးမြဖြူလေးဟာ ဖျော်ဖြေပွဲကနေအပြန် ပုဂံမှာဝင်ရောက်လည်ပတ်ဘုရားဖူးရင်း ကုသိုလ်ယူခဲ့ပါသေးတယ်။ အေးမြဖြူကိုချစ်တဲ့ ဖန်တွေကတော့ အေးမြဖြူလေးကို ကျောင်းပြန်မတက်သေးဘူးလားလို့ စိုးရိမ်တကြီးမေးနေကြတာပါ။ သူမရဲ့ ဖန်တွေက မကြာသေးခင်ကပဲ သူမအတွက် အိုင်ဖုန်း 11 pro ကို လက်ဆောင်ပေးခဲ့ကြတာဖြစ်ပြီး မကြာခင်ကျရောက်မယ့် သူမရဲ့ မွေးနေ့ပွဲအတွက်လည်း ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ အေးမြဖြူအနေနဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်နေတာကြောင့် ကျောင်းခဏနားထားခဲ့တာဖြစ်ပြီး မကြာခင်မှာ UFL ကျောင်းသူကြီးအဖြစ် မြင်တွေ့ကြရတော့မှာပဲဖြစ်ပါတယ်။ Writer – YLLT(Cele Star)